Social Media ကိုသုံးပြီး ဈေးကွက်ဘယ်လိုထိုးဖောက်)

 

မြန်မာနိုင်ငံသည် ၂ဝ၁၄မှ စတင်၍ တန်ဖိုးနည်းမိုဘိုင်းဆင်းကဒ်များ ဈေးကွက်သို့ စတင်ရောင်းချလာသည်မှစ၍ သတင်းနှင့်နည်းပညာအချက်အလက်များ တဟုန်ထိုးတိုးတက်ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ လူဦးရေ ၅၆သန်းကျော်ရှိသည့်အနက်မှ ဆင်းကဒ် ၄၃.၇၂သန်းသုံးစွဲနေခြင်းသည်လည်း အင်တာနက်သုံးစွဲသူများ ပိုမိုများပြားစေခဲ့ပါသည်။ ၂ဝ၁၆ခုနှစ် မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ ၁.၃သန်းအထိ ရှိလာပြီဖြစ်သည်။

၁။ လူမှုကွန်ယက်ပေါ်မှာ စီးပွားရေးကို ထိုးဖောက်ပါ။

မြန်မာနိုင်ငံတွင် လူသုံးများတဲ့ လူ  မှုကွန်ယက် Facebook ၊ Viber နှင့် Instagram တို့တွင် သင့်စီးပွားရေးလုပ်ငန်းကို ထိုးဖောက်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ ၉.၇သန်းကျော်အနက်မှ မိမိဦးတည်ရာ Customer များကို စိတ်ကြိုက်ထိုးဖောက်နိုင်သည်။ ထို့အတူ Viber နှင့် Instagram တို့တွင်လည်း Public Chat များမှ ထိုးဖောက်နိုင်ပါတယ်။

၂။ Target ထားရာ Customer များကို သတ်မှတ်လိုက်ပါ။

မိမိဦးတည်ရာ Customer များကို ဦးတည်ပြီး  Social Media မှတစ်ဆင့် ဆွဲဆောင်သင့်ပါသည်။ Target ထားတဲ့ Customer များကို ဆွဲဆောင်မှုပြည့်သော Content များဖြင့် မိမိကိုယ်ပိုင် Website ဆီသို့ ဆွဲဆောင်သင့်ပါတယ်။

၃။ Customer များနှင့်ချိတ်ဆက်ပြီး အရောင်းမြှင့်တင်ပါ။

Social Media မှတဆင့် Customers များနှင့်ချိတ်ဆက်ကာ တွဲဖက်လုပ်ကိုင်သင့်ပါသည်။ Customer များနောက်တစ်ကြိမ်လက်တွဲလုပ်ခြင်းသည် သင်၏ဝန်ဆောင်မှုထက် ဆက်ဆံရေးသည် ပိုမိုအရေးကြီးသည်ဆိုတာ သတိချပ်ပါလေ။

၎။ Customer များ၏ ဝေဖန်ချက် (Comment) များကို တုံ့ပြန်ပါ။

Social Media တွေမှာ Customer တွေရဲ့ Comment များကို Reply ပြန်ခြင်းဟာ ကုန်ပစ္စည်းအရောင်း ၂ဝရာခိုင်နှုန်းမှ ၄ဝရာခိုင်နှုန်းအထိ တိုးတက်လာတာကို တွေ့ရပါတယ်။ ထို့အပြင် Customer Care ပိုမိုရရှိစေပြီး Engagement လည်းတိုးလာတာကို တွေ့ရပါမယ်။

၅။ ဆွဲဆောင်မှုရှိသော Content များ ဖန်တီးပါ။

Facebook Content တစ်ပုဒ်တွင် စာသားသည် ၆၅ရာခိုင်နှုန်းနှင့် ပုံသည် ၃၅ရာခိုင်နှုန်းအထိ အရေးပါသည်ကို သတိပြုပါ။ ဆွဲဆောင်မှုရှိသော Content တစ်ပုဒ်ဖြစ်ဖို့အတွက် စာသားသည် မတိုလွန်း၊မရှည်လွန်း ဖြစ်သင့်သည်ကိုလည်း ဂရုပြုသင့်ပါတယ်။ ထို့အပြင် Audio ဖိုင်၊ Video ဖိုင် နှင့် GIF ဖိုင်များကိုလည်း အလျဉ်းသင့်သလို တင်တက်ပါစေ။

 

www.bagantrade.com

လုပ်ငန်းရှင်များ ရောင်းဝယ်ရာ

 

Follow Us