SME လုပ်ငန်းများ ကုမ္ပဏီမှတ်ပုံတင်ကြေး

အသေးစားနှင့်အလတ် စားလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် ကုမ္ပဏီတည်ထောင်လိုသူများအ တွက် ကုမ္ပဏီမှတ်ပုံတင်ပြုလုပ် ရာတွင် ကောက်ခံသည့်နှုန်းထား ကို ထက်ဝက်လျှော့ချပေးမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်း ရရှိသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ရက်တစ်ရာစီမံကိန်း တွင် ကုမ္ပဏီ မှတ်ပုံတင်ကြေး လျှော့ချမှု ဆောင်ရွက်မည်ဟု အဆိုပါဝန်ကြီးဌာန အမြဲတမ်း အ တွင်းဝန် ဦးမောင်မောင်ဝင်းက မြန်မာ့အသံနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ပြောကြားသည်။

ယခင်က ကုမ္ပဏီမှတ်ပုံတင် ကြေးကို ကျပ် ၁၀ သိန်းသတ်မှတ် ထားသော်လည်း အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ မှတ် ပုံတင်ရာတွင် အခက်အခဲရှိ၍ လက်ရှိ အစိုးရသစ်၏ ရက်တစ်ရာ စီမံကိန်း၌ လျှော့ချပေးရန်စီစဉ် ခြင်းဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

‘‘မှတ်ပုံတင်နှုန်းထား လျှော့ ပေးတာ တစ်နိုင်တစ်ပိုင် SME တွေအတွက် ပိုပြီးအဆင်ပြေတာ ပေါ့’’ဟု လှိုင်သာယာစက်မှုဇုန် စီ မံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမြတ် သင်းအောင်ကပြောသည်။

ကုမ္ပဏီမှတ်ပုံတင်များ အ လွယ်တကူနှင့် နှုန်းထားသက်သာ စွာ ပြုလုပ်နိုင်မည်ဆိုပါက အစိုးရ အနေဖြင့်လည်း လုပ်ငန်းရှင်များ ထံမှ အခွန်တိကျစွာ ကောက်ခံနိုင် မည်ဟု၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံတကာ အကူ အညီများ၊ ထောက်ပံ့မှုများ၊ အ ပေါင်းပစ္စည်းမလိုသေးသည် ချေး ငွေများကလည်း တရားဝင်မှတ်ပုံ တင်ထားသူများကိုသာ ပေးခြင်း ကြောင့် မှတ်ပုံတင်မပြုလုပ်ရသေး သည့် အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များအတွက် အခွင့် အလမ်းတစ်ခုဖြစ်ကြောင်း လှိုင် သာယာစက်မှုဇုန်မှ ပြည်တွင်း ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီပေါင်း လေး သောင်းငါးထောင်ခန့်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

credit: 7 Day Daily

www.baganmart.com

www.facebook.com/baganmart

Follow Us