Online အကောက်ခွန် ရှင်းလင်းရေးစနစ်အတွက် Online Registration

အွန်လိုင်း အကောက်ခွန် ရှင်းလင်းရေးစနစ်အတွက် အွန်လိုင်းမှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်
 
အွန်လိုင်းအကောက်အ ခွန်ရှင်းလင်းရေးစနစ်(MACCS) အသုံးပြုရန် အွန်လိုင်း မှတ်ပုံတင်ခြင်းကို ဧပြီမှစတင်၍ ဇွန်လကုန်အထိ ဆောင်ရွက်နေပြီ
ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန မှ သတင်းရရှိသည်။
 
အဆိုပါ MACCS စတင်ချိန် တွင် ပို့ကုန်၊ သွင်းကုန်များအတွက်အကောက်ခွန်ဦးစီးဌာနသို့ တင် သွင်းရမည့် သွင်းကုန်၊ ထုတ်ကုန် ကြေညာလွှာများကို MACCS စနစ် တစ်ဆင့်သာလျှင် တင်သွင်း ရမည်ဖြစ်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းတင့်ဆွေ က ပြောသည်။
 
ထို့ကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းကုမ္ပဏီများ၊ အကောက် ခွန် ဝန်ဆောင်သူ အေးဂျင့်များ၊ လေကြောင်းနှင့် သင်္ဘောပို့ဆောင်ရေးကုမ္ပဏီများသည် MACCS စနစ်အသုံးပြုသူများအဖြစ် မှတ် ပုံတင် စာရင်းသွင်းရန် လိုအပ်
ကြောင်း ၎င်းက ပြောသည်။
 
‘‘Online Registration အ တွက် လိုအပ်တဲ့ ကုတ်နံပါတ်တွေ၊ ID တွေကို အကောက်ခွန်ဌာနက ထုတ်ပေးလိုက်ပြီး အဲဒါတွေနဲ့ မှတ်ပုံတင်ရပါတယ်။သင်္ကြန်ပြီးရင် တော့ အဲဒါတွေကို ထုတ်ပေးသွား မှာပါ။ လာလျှောက်တာက တော့ မနေ့က စပါတယ်’’ဟု ဦးသန်းတင့်ဆွေက ပြောသည်။
 
အွန်လိုင်း အကောက်ခွန် ရှင်းလင်းရေးစနစ်(MACCS)ကို နိုဝင်ဘာတွင် စတင်ကျင့်သုံးမည် ဖြစ်ပြီး သြဂုတ်တွင် စမ်းသပ်ကျင့် သုံးမည်ဖြစ်သည်။
လက်ရှိတွင် အကောက်ခွန်ကြော်ငြာလွှာများ တင်သွင်းခြင်းနှင့် အကောက်ခွန် ရှင်းလင်းရေးကို လူကိုယ်တိုင် ဆောင်ရွက်နေရခြင်းဖြစ်သည်။ MACCS စနစ်သည် အကောက် ခွန်လုပ်ငန်းများကို ၂၄ နာရီအွန် လိုင်းစနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်သည်။ နိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများနှင့် အစိုးရဌာနဆိုင် ရာများက ကုန်တင်ပို့ခြင်း၊ တင် သွင်းခြင်းအတွက် MACCS စနစ် တွင် မှတ်ပုံတင်ရန် မလိုကြောင်းအကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည်။ တင်သွင်းတင်ပို့မှုကို စီးပွား ဖြစ် မဟုတ်ဘဲ ကိုယ်ပိုင်သုံးအ တွက်သာ တစ်ခါတစ်ရံတင်သွင်း သူများသည်လည်း မှတ်ပုံတင်ရန် မလိုဘဲ အကောက်ခွန်အေးဂျင့် များငှားရမ်းဆောင်ရွက်နိုင်ကြောင်း
ထုတ်ပြန်ထားသည်။
 
အာဆီယံစီးပွားရေးအသိုက် အဝန်း၏ Asean Single WindowSystem အောက်ရှိ အဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းစီက National Single Window System ဖြင့် ဆောင် ရွက်ရမည်ဖြစ်၍ MACCS စနစ် ကျင့်သုံးခြင်းဖြစ်သည်။
 
credit: 7 Day Daily
 
www.facebook.com/baganmart

Follow Us