Myanmar ဆန်စပါး ဖွံ့ဖြိုး တိုးတက်ရေး ရှေ့အလားအ

မြန်မာ့ ဆန်စပါး ဖွံ့ဖြိုး တိုးတက်ရေး ရှေ့အလားအလာ

ပြီးခဲ့တဲ့အပတ်ထဲက “ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာပေး စကား ၀ိုင်း” မှာ ပါဝင် ဆွေးနွေးဖို့ ဖိတ်ကြားတဲ့ အတွက်
နေပြည်တော်သို့ ရောက်ခဲ့ပါတယ်။ အဲဒီ စကားဝိုင်းမှာ စာရေးသူနဲ့ အတူ စိုက်ပျိုးရေး ပညာရှင်၊ အထွေထွေမန်နေဂျာ (ငြိမ်း)
ဒေါက်တာ ညီညီ၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စပါး
သုတေသန(IRRI) မှ မြန်မာနိုင်ငံ ဌာနကိုယ်စားလှယ် Dr. Shin တို့ ပါဝင်ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ စကားဝိုင်းမှာ
တော့  မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းမှာ တစ်ဦးတစ်ယောက်၊ ဌာနတစ်ခု၊ အဖွဲ့အစည်း တစ်ခုတည်း
ဆောင်ရွက်၍ မရနိုင်ပါ။

နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ ပညာရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင် ကြီးများ၊ အုပ်ချုပ်ရေး လုပ်ငန်းဌာနများ၊
တောင်သူ လယ်သမားကြီး များနဲ့ ပြည်ပနိုင်ငံများမှ အကူအညီပေးမယ့် အဖွဲ့အစည်းများ အားလုံး အချိတ်အဆက်မိမိ ဆောင်ရွက်
မှသာ  အောင်မြင်မှုရနိုင်မှာ ဖြစ်ပါတယ်။ Community Support Agriculture သွားရမှာ ဖြစ်ပါတယ်။ ဒီလို အားလုံး အချိတ်
အဆက် မိမိ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်အပိုင်းက အဓိကတာဝန်ယူပြီး ချိတ်ဆက်ပေးမှသာ လုပ်ငန်းများအဆင်ပြေမှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို ချိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။ ဆန်စပါး ကဏ္ဍကြီးတစ်ခုလုံးရဲ့ လုပ်ငန်းစဉ်ကိုကြည့်ရင်
မြေယာ ဖွံ့ဖြိုးမှု အရည်အသွေး ကောင်းမျိုး ကောင်းမျိုးသန့် ဖြစ်မှု၊ စိုက်ပျိုး စနစ်များ မှန်ကန်မှု၊ ရိတ်သိမ်းချိန်၊ ရိတ်သိမ်းပြီးနောက်
နည်းပညာ မှန်ကန်မှု၊ ၀ယ်ယူကြိတ်ခွဲ သိုလှောင်မှုနည်းစနစ်များ မှန်ကန်မှု၊ ဈေးကွက်အာမခံရှိမှု နည်းပညာ ပြန့်ပွားစေမှုများ ပါဝင်
နေပါတယ်။

ဒီကွင်းဆက် လုပ်ငန်းစဉ်ကြီး၏ ကွင်းဆက် တစ်ခုချင်း၏ အားနည်းချက် များကို ဖွံ့ဖြိုးတိုး တက်အောင် ပြုပြင်ပြောင်းလဲရန် လိုအပ်
ပါသည်။ သက်ဆိုင်ရာဌာန၊ ပညာရှင်၊ အဖွဲ့ အစည်းအားလုံး ၀ိုင်းလုပ်ကြရမှာပါ။ မြေယာ ဖွံ့ဖြိုးမှုကဏ္ဍ ပြောင်းလဲရန် လိုအပ်မှုကို

ဦးစွာလှမ်းမျှော်ကြည့်ပါ။ မြန်မာ နိုင်ငံ၏ လယ်ယာမြေအားလုံးသည် ဗြုတ်စဗျင်းတောင်းဖြင့် မညီမညာ အကျည်းတန် များသာဖြစ်
နေပါတယ်။ ရေသွင်းမြောင်း မရှိ၊ ရေနှုတ်မြောင်းမရှိ၊ ကုန်ထုတ်လမ်းမရှိ၊ ပုံစံအမျိုးမျိုးနှင့် လယ်ကွင်းကျဉ်းကျဉ်းလေး များသာ ဖြစ်
ပါတယ်။ လက်ရှိအခြေအနေမှာ လယ်ယာမြေဖွံ့ဖြိုးတိုးတက်အောင် ပြုပြင် ပြီးစီးမှုဟာ နေပြည်တော်မှာ ဧက ၁၀,၀၀၀၊အခြား
ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ  ဧက ၅၀,၀၀၀၊ စုစုပေါင်း ဧက ၆၀,၀၀၀ သာရှိပါ သေးတယ်။ မြန်မာနိုင်ငံရဲ့ စပါး စိုက်ဧက
နဲ့စားကြည့်ရင် အလွန်သေးငယ်သော ပမာဏပါဘဲ။ လယ်ယာမြေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီးရင် ဆန်စပါး အလေ
အလွင့်လည်း နည်းသွားမယ်၊ အရည်အသွေးလည်း ကောင်းလာမယ်၊ စက်မှု လယ်ယာ စနစ်ကိုလည်း အပြည့်ဝင်နိုင်မှာ ဖြစ်ပါ
တယ်။

လယ်ယာမြေ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ရတဲ့လုပ်ငန်းဟာ ငွေကြေးကုန်ကျမှု အလွန်များပါတယ်။ ပညာရှင်များတွက် ချက်ထား
မှုအရ တစ်ဧကလေးသိန်းခွဲ လောက် ကုန်ကျမှာဖြစ်ပါတယ်။ လယ်သမားကြီး များက ကိုယ်တိုင် လုပ်ကြရမယ် ဆိုရင် မတက်နိုင်
ကြပါဘူး။ နိုင်ငံတော် အစိုးရက နိုင်ငံတော်ငွေကြေး တချို့တစ်ဝက်၊ ပြည်ပမှချေးငွေ ထောက်ပံ့ ငွေများနဲ့ ဆောင်ရွက်ပေးနိုင်မှသာ
အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံများဖြစ်တဲ့ ထိုင်း နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ
တွေမှာ ပြည်ပမှ ချေးငွေ၊ ထောက်ပံ့ငွေနဲ့ဆောင်ရွက်ခဲ့တာ နှစ်အတော်ကြာခဲ့လို့ အောင်မြင်မှုရခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဧက စပါး
အထွက်နှုန်းလည်း ထိပ်တန်းက ပြေးနေကြတဲ့နိုင်ငံများ ဖြစ်နေကြတယ်ဆိုတာ ပြောစရာ မလိုတော့ပါဘူး။

မြန်မာနိုင်ငံရဲ့ လယ်ယာမြေ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်တဲ့ နေရာမှာ တစ် ပြိုင်တည်း၊ တစ်ချိန်တည်း တစ်နိုင်ငံလုံးပြီး
အောင် ဆောင်ရွက်ဖို့မဟုတ်ဘဲ ဦးစားပေး အပိုင်းလိုက် လုပ်ဖို့ဖြစ်ပါတယ်။ ပထမဦး စားပေး ဆည်ရေသောက်ဒေသ၊ မြစ်ရေ
တင်ဒေသတွေနဲ့ နွေစပါး၊ ရေတင်စိုက်ပျိုးတဲ့ ဒေသတွေကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဧက ၅-၆ သန်းကျော်လောက် ရှိမှာဖြစ်ပါ
တယ်။ ဒုတိယဦးစားပေးကတော့ မိုးစပါး ရေတော်မိုးတော် မြေအနိမ့်အမြင့် ပြန့်ဖြူးပြီး တစ်ခွင်တစ်ပြင်ဒေသတွေ ဖြစ်ပါတယ်။
ဧက အားဖြင့် ၃-၄ သန်းကျော်လောက်ရှိမှာ ဖြစ်ပါတယ်။ တတိယဦးစားပေးကတော့ အခြေအနေပေးတဲ့ အခြားဒေသတွေ ဖြစ်
ပါတယ်။ ဧကလည်း နည်းမှာ ဖြစ်ပါတယ်။

ဒေါက်တာညီညီနဲ့ ဒေါက်တာရှင်းတို့က မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆိုရင် “မျိုး” အဓိကပါဘဲလို့ ဆွေး
နွေး ကြပါတယ်။ စာရေးသူနဲ့ ညွှန်ချုပ် ဒေါက်တာ ရဲတင့်ထွန်းနဲ့ကလည်း ပြည်ပ ပို့ကုန် အတွက်ဘဲ ဖြစ်ဖြစ်၊ ပြည်တွင်းဈေးကွက်၊
ပြည်တွင်းစားသုံးမှုအတွက်ဘဲဖြစ် ဖြစ် အရည်အသွေးကောင်စပါးဟာ မဖြစ် မနေ ထုတ်လုပ်ရမယ့် လုပ်ငန်းစဉ်တစ်ရပ် ပါဘဲလို့
ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိဆန်အရည် အသွေးဟာ ဥပမာပြေရရင် သီလရှင်ဒါန ဆန် ဆွမ်းခံလို့ရတဲ့ ဆန်လိုပါဘဲ။
ဆန် အမျိုးပေါင်းစုံနေတဲ့အတွက် ဘယ်လိုမှ ဆန် အရည်အသွေးကောင်းနိုင်စရာ မရှိပါဘူး။ ဒေါက်တာက ပြည်ပတင်ပို့မယ့်နိုင်ငံ
ရဲ့ အကြိုက် အရည်အသွေးကောင်းဆန်တွေ စိုက်ပျိုးထုတ်လုပ်ဖို့ လိုတယ်။

ဥပမာ တရုတ်ကို တင်ပို့မယ်ဆိုရင် တရုတ်အကြိုက်၊ အာဖရိကနိုင်ငံတွေ တင်ပို့မယ် ဆိုရင်လည်း အဲဒီနိုင်ငံတွေ အကြိုက် ဖြစ်ဖို့
လိုတယ်လို့ ဆွေးနွေးပါတယ်။ ပြန်ပပို့ကုန် အရည်အသွေးကောင်း ဆန်ရဲ့ စံနှုန်းသတ်မှတ်ချက်ကတော့ ဆန် အလျားရှည် ဖြစ်ရ
မယ်။ ဆန်အရှည် ခုနစ် မီလီမီတာ၊ လုံးပတ်အချိုး ၃း၁ ရှိရမယ်၊ ဆန် ထိပ်မပြတ် စေရဘူး၊ ဗိုက်ဖြူကင်းရမယ်၊ ဆန်အက်ကြောင်း
မပါရှိကဘူး၊ ဆန်ထိပ် ဖျားမှာ ဖော့သားမရှိစေရဘူး၊ ဆန်အရောင် ဖယောင်းသားလို တောက်ပဖြူဝင်းနေရ မယ်၊ ဆန်ကွဲ၊
ကျောက်ခဲ၊ ဖုန်၊ ခဲ၊ သလဲ လုံးဝကင်းစင်ရမယ်။ ဆန်လုံးများ ညီနေရမယ်။

အသင့်စားသုံးနိုင်သောအဆင့် ၁၀၀ ရာခိုင်နှုန်း အပြည့် ရှိရမယ်။ ထမင်းချက်ရင် ရှည်ထွက်မှု နှစ်ဆဖြစ်ရမယ်။ စားသုံးမှု နူးညံ့
စေရန် အမိုင်းလို့စ်ပါဝင်မှု ၂၀-၂၄ အတွင်းရှိရမယ် စတဲ့အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့စပါး၊ ဆန်မျိုးကို ပြောင်းလဲ စိုက်ပျိုးဖို့
လိုအပ်ပါတယ်။ စိုက်ပျိုးတဲ့အခါ မှာလည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) စနစ်နဲ့ (ISO) ထောက်ခံချက်
လက်မှတ်ရရှိအောင် စိုက်ပျိုးဖို့လို အပ်ပါတယ်။

ပြည်ပ ပို့ကုန်အကြိုက် ပြည်တွင်း နှစ်ခြိုက်မျိုး များကို ဇုန်အလိုက် ခွဲခြား သတ်မှတ် စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ပြည်ပ ပို့ကုန်
အကြိုက် အရည်အသွေးကောင်း စပါးမျိုး များကို တာဝန်ယူ ဖြန့်ဖြူးနိုင်ဖို့အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး များကို မျိုးစေ့ ထုတ်
လုပ်ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီကြီး တွေ ထူထောင်နိုင်အောင် အစိုးရပိုင်းက တိုက်တွန်းအကူအညီပေးရမှာ ဖြစ်ပါတယ်။ သက်
သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးဖို့ စီစဉ်ပေးရပါ့မယ်။ ချိတ်ဆက်ပေးရမှာ  ဖြစ်ပါတယ်။ သက်သာတဲ့အတိုးနှုန်းနဲ့ ငွေချေးပေးဖို့
စီစဉ်ပေးရပါ့မယ်။  ချိတ်ဆက် ပေးရမှာ ဖြစ်ပါတယ်။ လယ်သမား ကိုယ့်မျိုး ကိုယ်ထားတဲ့စနစ် ပျောက်အောင်ဆောင်ရွက်ပေးရ
မှာ ဖြစ်ပါတယ်။

လယ်သမားများ ထွက်လာတဲ့စပါးကို မျိုးစေ့ ကုမ္ပဏီများ၊ ဆန်စပါးရောင်းဝယ်တဲ့ ကုန်သည်ကြီး များက အရည်အသွေးကောင်း
အဆင့်မြင့် စပါး မျိုးဈေးနဲ့ ၀ယ်ယူပြီး ကြိတ်ခွဲ တင်ပို့တဲ့ လုပ်ငန်း လုပ်ကြရမှာ ဖြစ်ပါတယ်။ လုပ်ငန်း  ကုန်သည်ကြီးများအတွက်
ရော တောင်သူ လယ်သမားများအတွက်ပါ ဈေးကွက် အာမခံမှု၊ ဈေးနှုန်းအာမခံမှုရရှိအောင် အမြဲချိတ် ဆက်ဆောင်ရွက်နေရ
မှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါ သီအိုရီအရ မှန်ကန်နေဖို့၊ ဒေသရေ၊ မြေ၊ ရာသီဥတုနဲ့ ကိုက်ညီမှုရှိ နေဖို့၊  နည်းပညာ
ပိုင်းအရ မှန်ကန်နေဖို့နဲ့ နောက်ဆုံးအချက်ကတော့ စီးပွားရေး တွက်ခြေ ကိုက်မှုရှိနေဖို့ ဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီနေဖို့ဘဲ
ဖြစ်ပါတယ်။ ဒါမှ အောင်မြင်မှု မြန်မြန် ဆန်ဆန် ရရှိနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဆန်စပါးဖွံ့ဖြိုး  တိုးတက်ဖို့ ဆောင်ရွက်ရမှာကတော့ စပါး ရိတ်သိမ်းချိန်၊ ရိတ်သိမ်းပြီးချိန် နည်းပညာတွေ
ပါဘဲ။ မြန်မာနိုင်ငံမှာ အလေအလွင့် ၂၅ ရာခိုင်နှုန်းနဲ့ အရည်အသွေးပျက်စီးမှု ၆၀ ရာခိုင်နှုန်းခန့်ဟာ စပါးရိတ်သိမ်းချိန်နဲ့ ရိတ်
သိမ်းပြီးချိန်နောက်ပိုင်း နည်းပညာအား နည်းမှုကြောင့် ဖြစ်ရတယ်လို့ သုတေသနက တွေ့ထားပါတယ်။ အမှန်လည်း ရိတ်သိမ်း
ချိန်လွန်နည်းပညာ အလွန်အားနည်းတာကို  တွေ့ရပါတယ်။ ဒီလုပ်ငန်းဟာ ပြင်နိုင်ရင် ပြင်လို့ရသလောက် မြန်မြန်ပြောင်းလဲ
ဆောင်ရွက်ရမယ့် အချက်ပါဘဲ။ စပါးရိတ် သိမ်းချိန်မှန်ဖို့စနစ်၊ ချွေလှေ့တဲ့စနစ်၊ သတ် မှတ်ချိန်အတွင်း သတ်မှတ်အစိုဓာတ်ရရှိ
အောင် အခြောက်လှန်းတဲ့စနစ်တွေကို မြန် မြန်ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

ဆန်စပါး ၀ယ်ယူကြိတ်ခွဲ သိုလှောင်တဲ့ စနစ်ကောင်းအောင် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ အဆင့်မြင့် ခေတ်မီ ဆန်စက်ကြီးတွေ၊
ခေတ်မိ သိုလှောင်ရုံကြီး တွေများများနဲ့ မြန်မြန်တည်ဆောက်ဖို့ လိုပါတယ်။ ဒါမှ သာ အရည်အသွေးကောင်း အဆင့်မြင့်ဆန် ရရှိ
မှာ ဖြစ်ပါတယ်။ ဒီလိုတည်ဆောက်နိုင် ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကုမ္ပဏီ ကြီးတွေကို အတိုးနှုန်းသက်သာစွာနဲ့ ငွေချေး
ပေးနိုင်အောင် အစိုးပိုင်းက ကူညီပံ့ပိုး ပေးဖို့လို ပါတယ်။ လက်တွေ့ကျကျ ကူညီ ပံ့ပိုးပေးဖို့ လိုပါတယ်။ ဒီလို ခေတ်မီ ဆန်စက်
ကြီး တွေနဲ့အတူ ခေတ်မီ သန့်စင် စက်ကြီးတွေနဲ့ အတူ ခေတ်မီ အခြောက်ခံ စက်ကြီးတွေ၊ ခေတ်မီ သန့်စင် စက်ကြီးတွေ၊
အရောင် အသွေး ခွဲခြား စက်ကြီးတွေလည်း တစ်ပါတည်း တည်ဆောက်ဖို့ လိုအပ်လာမှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါ
တယ်။

- အောင်ဆန်း (စိုက်ပျိုးရေး)

Credit: The farmer journal

 

www.baganmart.com

www.facebook.com/baganmart

Follow Us

Warning: Unknown: write failed: No space left on device (28) in Unknown on line 0

Warning: Unknown: Failed to write session data (files). Please verify that the current setting of session.save_path is correct (/var/lib/php5) in Unknown on line 0