Myanamar စားအုန်းဆီ ဈေးကွက်

စားအုန်းဆီ ဈေးနှုန်း ထပ်မံမြင့်တက်၊ ကြိုရောင်း၊ ကြိုဝယ်လုပ်ငန်း များတွင် ထွက်ပြေး တိမ်းရှောင်မှု ဖြစ်ရန် အခြေအနေများ ရှိလာနိုင်

မတ်လ ၂၁ ရက်နေ့ ရန်ကုန်ဆီ ဈေးကွက်တွင် စားအုန်းဆီ D.O စာရွက်(ဆီထုတ်ယူခွင့်) တစ်ပိဿာ လက်ကား ရောင်းဈေး ၁,၅၈၅
ကျပ်၊ လက်ကားအလှယ် လက်ငင်း တစ်ပိဿာ ၁,၆၀၅ ကျပ်သာ ရှိခဲ့သည်။ သို့သော် မတ်လ ၂၅ ရက်တွင် အလှယ် တစ်ပိဿာ
၁,၆၆၀ ကျပ်ထိ ဈေးတက် ခဲ့သည်။ လက်လီဝယ်ယူရာတွင် တစ်ပိဿာ ၁,၈၅၀ ကျပ်နှုန်းထိ ပေးဝယ်ရသည်ဟု သိရသည်။ ဆီအုန်း
ထွက်ရှိရာ ဒေသများတွင် အယ်လ်နီညိုကြောင့် အထွက် ကျသည်ဆိုသော ပြောဆိုမှု၊ ပြည်ပတွင် ၀ယ်ယူ၍ မရဆိုသော အကြောင်း
ပြချက်များရှိ နေသည်။ ၂၀၁၁ ခုနှစ်၊ ဧပြီလ အစိုးရသစ် စတင် အုပ်ချုပ်စဉ် ကာလ စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့်
ပြည်ပပို့ ကုန်ဝင်ငွေ ရှိသူများအား ပြည်ပမှ စားအုန်းဆီများ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့သည်။ တင်သွင်းသူများအနေဖြင့်
ပြည်တွင်းတွင် စားအုန်း ဆီဈေးမြင့်တက်မှု မရှိရန် တင်သွင်းသူများ သိုလှောင်၊ ဈေး ကစားခြင်းများ မရှိရန် အသိပေးထားမှုများ
ရှိခဲ့သည်။

သို့ဖြစ်၍ ပြည်တွင်း စားအုန်းဆီ ဈေးနှုန်း တည်ငြိမ်ပြီး  ပြည်ပမှ တင်သွင်း လာသော ဆိပ်ကမ်းရောက် အရင်းဈေးနှုန်းထက် ကွာခြား
မှုနည်းသော ဈေးနှုန်းဖြင့် ပြည်တွင်းတွင် ရောင်းချမှုကို ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းထိ ဆီဈေးကွက်တွင် ကြုံတွေ့ရသည်။ သို့သော် ပြည်ပ
မှ တင်သွင်းလာသော ဆီသင်္ဘောများမှာ အကြောင်း အမျိုးမျိုးကြောင့် ၀င်ရောက်လာမှု မရှိခြင်း၊ ၀င်ရောက်လာ သော်လည်း ဆီ
အရည်အသွေး၊ ဆီကန် စသည့် အခက်အခဲများကြောင့် ဆီမချနိုင်ခြင်း ရှိသည့်အခါ ပြည်တွင်းဆီ ဈေးနှုန်းသည် ပြည်ပဈေးမတက်
သော်လည်း ရက်ပိုင်းအတွင်း ဈေးမြှင့်တင်မှုရှိခဲ့သည်။ နိုင်ငံခြား သုံးငွေလဲလှယ်နှုန်းပေါ်တွင်လည်း မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိ
သည်။ မတ်လ ၂၈ ရက်၊ ပြည်ပစားအုန်းဆီ FOB တစ်တန် ၇၀၅ ဒေါ်လာ၊ ငွေလဲနှုန်း ၁,၂၁၆ ကျပ်ဖြင့် ဆိပ်ကမ်းရောက် တစ် ပိဿာ
အရင်းဈေး ၁,၆၀၀ ကျပ်သာ ရှိသည်။ ယခု ရက်ပိုင်း ဈေးကွက်တွင် အရောင်းအ ၀ယ်လုပ်နေသော စားအုန်းဆီများသည် လွန်ခဲ့
သော ၁၀ ရက် ၀န်းကျင်ကဖြစ်သည့် မတ်လ တတိယ အစပိုင်းရက် များနှင့် ၎င်း မတိုင်မီရက် များတွင် ပြည်ပတွင် ဆိပ်ကမ်းရောက်
တစ်ပိဿာ အရင်းဈေး ပျမ်းမျှ ၁,၅၂၅ ကျပ် ၀န်းကျင် ဈေးဖြင့် ၀ယ်ယူထားခြင်း ဖြစ်သည်။ ရန်ကုန် ဆီဈေးကွက်တွင် မတ်လ ဒုတိယ
ပတ်ဆန်းမှစ၍ ပြည်ပမှ ဆီတင်သွင်း လာသည့် လုပ်ငန်းရှင်အချို့ အရောင်းပိတ်မှု၊ ဆီကန်များမှ ဆီထုတ်ယူရရှိမှု အခက်အခဲတို့
aကြာင့် ဘုရင့်နောင် ပွဲရုံအတွင်းရှိ ဆီရောင်းချသူများပါ ဆီအရောင်းပိတ်မှုများ ရှိလာသည်။

အယ်လ်နီညို ရာသီဥတု အကြောင်းပြခြင်း၊ ပြည်ပ ဈေးတက် အကြောင်းပြခြင်း၊ ဆီထွက်ရန်အခက်အခဲ ရှိခြင်း စသည်ဖြင့် ဆီဈေး
ကွက်၏ ဈေးတက် ချိန် လုပ်ဆောင်နေကျ နည်းလမ်းအတိုင်း  ပြန်လည်လုပ်ဆောင်ခြင်းကြောင့် ဆီတစ်တန်လျှင် ကျပ်တစ်သိန်း
အထက် ပြည်ပမှ ဆီတင်သွင်း သူများနှင့် ဆီဈေးကွက်တွင် ဆီလက် ၀ယ်ရှိသူများ အကျိုးအမြတ် များစွာ ရရှိသည်။ သို့သော် အများ
ပြည်သူနေ့စဉ် ၀ယ်ယူ စားသုံး နေသည့် စားအုန်းဆီ အသုံးပြုသော အကြော်အလှော်များ ရက်ပိုင်း အတွင်း ဈေးတက်မှုကို ကြုံတွေ့
လာရသည်။

ငါးနှစ်တာ နိုင်ငံကို အုပ်ချုပ်သည့် အစိုးရ အပြောင်းအလဲ ပြုလုပ်မည့် ကာလ များတွင် စားအုန်းဆီ ဈေးနှုန်းမြှင့်တင်သည် ကို ၂၀၁၁
ခုနှစ် ဧပြီ-မေလဆန်းနှင့် ၂၀၁၆  ခုနှစ် မတ်လများတွင် တိုက်ဆိုင်စွာ ကြုံတွေ့ရသည်။ ဆီ လုပ်ငန်း လုပ်သူများ အကျိုးအမြတ်ရရှိ
သော်လည်း ၀ယ်ယူ စားသုံးသူများ အကြား တက်ပြီး ပြန်မကျသော ကုန်ဈေးနှုန်းဟု တင်စားပြောဆိုသည် အထိ ငွေကြေးကုန်ကျမှု
များရှိလာသည်။ ၂၀၁၁ ခုနှစ်၊ အစိုးရ အပြောင်းအလဲ တွင် စတင်ကျင့်သုံးခဲ့သော စားအုန်းဆီ တင်သွင်းရေး မူဝါဒ၏ လုပ်ထုံး
လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ဆန့်ကျင်ဘက် ၂၀၁၆ ခုနှစ်၊ အစိုးရသစ် အပြောင်းအလဲ လုပ်မည့် ရက်ပိုင်းတွင် ထပ်မံကြုံတွေ့
ရသည်။ မီဒီယာ များတွင် ဖော်ပြချက်အရ ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှု ယခင်နှစ် များထက် ပိုလျှံနေခြင်း၊ ဆီချ၍ မရသည်
အထိ ဆီသင်္ဘောများ ပင်လယ်ဝတွင် စောင့်ဆိုင်းနေခြင်း သိရချိန်တွင် ပြည်တွင်းဆီဈေး နှုန်းမြှင့်တင်မှု ပမာဏများပြားလာခြင်း
အပေါ် ဝေဖန်ပြောဆိုမှုများပြားသည်ကို တွေ့ရှိရသည်။ ယခင်နှစ်၊ ဇူလိုင်လ လယ်နောက်ပိုင်း မြန်မာပြည် အထက်ပိုင်း ဒေသ အချို့
ရေကြီးမှုအကြောင်းပြု၍ ဆန်ဈေး၊  ကြက်သွန်နီဈေးများ မြှင့်တင်မှု ကြုံတွေ့ခဲ့ရ သကဲ့သို့ ဖြစ်နေသည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်ပိုင်း ဆီဈေးကွက်တွင် ဆီလက်ကားဈေးနှုန်း တစ်ပိဿာ ၁,၅၀၀ ကျပ် ၀န်းကျင် သို့ရောက်ခဲ့သဖြင့်
ဖေဖော်ဝါရီလကုန် ကြိုရောင်း၊  ကြိုဝယ် စာရင်း မရှင်းနိုင်၍ ကြိုရောင်းသူ တစ်ဦး ထွက်ပြေး တိမ်းရှောင်မှု ဖြစ်ခဲ့သည်။ သက်ဆိုင်ရာ
အဖွဲ့အစည်းသို့ မိမိ ပိုင်ဆိုင်သမျှ ငွေကြေးအပ်နှံခဲ့သည်။ ၎င်းအဖွဲ့အစသည်းမှ တိမ်းရှောင်သူနှင့်ပတ်သက်သည့် ကြိုရောင်း၊ ကြို
ဝယ်ဖြစ်စဉ်များတွင် ဆီဈေးနှုန်း တစ်ပိဿာ ၁,၄၅၀ ကျပ်ဟု ညှိနှိုင်း သတ်မှတ်ရှင်းလင်းမှုရှိခဲ့သည်။

မတ်လ ၃၀ ရက်တွင် အဆိုပါ ပုဂ္ဂိုလ်နှင့် ပတ်သက်ခဲ့သူများ အစည်းအဝေးခေါ် စာထုတ်ပြန်ထားသည်ကို မြင်တွေ့ရသည်။ မတ်လ
ကုန်စာရင်းရှင်းရမည့် ကြိုရောင်း၊ ကြိုဝယ်ဖြစ်စဉ်များတွင် ကြိုရောင်းခဲ့သည့် ဈေးနှုန်းမှာ တစ်ပိဿာ ၁,၅၀၀ ကျပ်ဝန်းကျင်သာရှိ၍
စာရင်းရှင်းရမည့် မတ်လ ကုန်ဈေးကွက်တွင် တစ်ပိဿာ ၁ç၇၀၀ အထိ ရှိနေသဖြင့် ထပ်မံတိမ်းရှောင်မှုများ ဖြစ်လာရန် အလား
အလာ ရှိနေသည်။ ဖေဖော်ဝါရီလကုန် စာရင်းမရှင်းဘဲ တိမ်းရှောင်သည့်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကြိုရောင်း၊ ကြိုဝယ် မလုပ်ရန်
ပြောကြားမှုများ ရှိသော်လည်း ယခင်အချိန်ကလုပ်ထား ခဲ့မှုများမှာ ဇွန်၊ ဇူလိုင် လကုန်အပ်မည့်  ကြိုရောင်း၊ ကြိုဝယ်များရှိသေး
သည့် ယခု စားအုန်းဆီများ ပြည်တွင်းတွင် လုံလောက် စွာရောက်ရှိနေသည့် သတင်းများ မီဒီယာ များတွင် ဖော်ပြခဲ့သည်။

မတ်လ aနာက်ဆုံးပတ် ကုန်တွင် ဆီသင်္ဘော လေးစီး တန်ချိန် ၁၈,၀၀၀ ၀န်းကျင် ၀င်ရောက်မည်ဟု မတ်လ၂၅ ရက်နေ့ ကောက်ယူ
ထားသော ပင်လယ်ကူး ကုန်တင်သင်္ဘောစာရင်းများမှ သိရသည်။ စားအုန်းဆီဈေးကွက်တွင် မကြာခဏ ဖြစ်လေ့ရှိသော
အကြောင်း အမျိုးမျိုးပြ ဈေးနှုန်းမြှင့်တင်မှုများကြောင့် စားသုံး သူများအကြား ဈေးနှုန်းကြီးမြင့်မှု ခံစားရပြီး အစိုးရဟောင်း၏
ကုန်သွယ်ရေး စားအုန်းဆီ မူဝါဒ၏ ရည်ရွယ်ချက်များကို ပြည်ပမှ စားအုန်းဆီ တင်သူအချို့ လိုက်နာဆောင်ရွက်မှု အားနည်းခြင်းကို
အစိုးရအပြောင်းအလဲ ပြုလုပ်ချိန်တွင် အခွင့်အရေး တစ်ရပ်အဖြစ် လုပ်ဆောင်ခြင်းမျိုးဖြစ်သည်ဟု သုံးသပ် ပြောဆိုမှုများရှိနေသည်။

- မောင်စေအောင် မြန်မာတောင်သူကြီးများ ဂျာနယ်

www.baganmart.com

www.facebook.com/baganmart

Follow Us