Marketing Process ( အဆင့် - ၈ ချက်)

Marketing Process (ဈေးကွက်ထိုးဖောက်နည်း အဆင့် - ၈ ချက်)

လုပ်ငန်းအောင်မြင်ဖို့ဆိုရင် (Marketing များများလုပ်ဖို့) လိုအပ်တယ်လို့ဆိုပြီး၊ ကမ္ဘာမှာတော့ Everything is Marketing လို့ဆိုပါတယ်။ Marketing ဆိုတာကတော့ အလွယ်ပြောရင် မိမိလုပ်ငန်း၊ မိမိထုတ်လုပ်မှု၊ မိမိဝန်ဆောင်မှုများကို လူသိအောင်လုပ်ခြင်းပဲဖြစ်ပြီး၊ ဈေးကွက်ကို ဖော်ဆောင်ပေးခြင်းဖြင့် The More You Give – The More You Get သဘောပါ၊ များများ ပေးနိုင်လေလေ၊ များများရရှိလေလေပါပဲ။ မြား (၁၀-ချောင်း) ပစ်တဲ့အခါ (၁-ချောင်း) တော့ အသေအချာ ထိမှာဖြစ်ပါတယ်။ ဈေးကွက်ကို ထိုးဖောက်တဲ့အခါ များများထိုးဖောက်လေလေ၊ မိမိလိုချင်တဲ့ လုပ်ငန်းအောင်မြင်မှု Target ရရှိလေလေပါပဲ။

Marketing ဆိုတာ လုပ်ငန်းတစ်ခုအောင်မြင်ရဲ့ အရေးကြီးတဲ့မဟာဗျူဟာတစ်ခုလို့ဆိုနိုင်ပါတယ်။ မိမိထုတ်ကုန်၊ ၀န်ဆောင်မှု နှင့် ဖောက်သည်အကြား ဆက်သွယ်ပေးခြင်းဖြစ်ပါတယ်။ Marketing လုပ်တဲ့အခါ ရေမြင်တိုင်း ငါးမြှားလို့မရသလို နေရာတိုင်းကိုတော့ Marketing လုပ်လို့မရတာလည်းရှိပါတယ်။ ကိုယ့်ရဲ့ဈေးကွက်၊ ကိုယ့်ရဲ့ဖောက်သည်ရှိတဲ့နေရာကို ထိုးဖောက်မှသာ လုပ်ငန်းထိရောက်မှာဖြစ်ပါတယ်။

Marketing မလုပ်ဘူးဆိုလျှင် မိတ်ဆွေထုတ်ကုန်ဟာ တခြားဖက်၊ ဖောက်သည်ဟာ တခြားဘက် ဖြစ်နေမှာအသေချာဖြစ်လို့ ထုတ်လုပ်မှုဟာ ၉၀% ရင်းနှီးမြုပ်နှံလျှင် Marketing မှာလည်း ၁၀ % ရင်းနှီးမြုပ်နှံရင်း လုပ်ငန်းများပိုမိုတိုးတက်လာနိုင်ဖို့ကို အကြံပြုလျှက်.....

လုပ်ငန်းတွေအောင်မြင်ဖို့ အကောင်းဆုံးသော ဈေးကွက်ထိုးဖောက်နည်း (8-ချက်)

(1) People find you - မိမိရဲ့ ဖောက်သည်တွေဘာ ဘယ်သူတွေလဲ၊ ဘယ်မှာရှိသလဲဆိုတာ သိအောင်လုပ်ပါ၊ ရှာဖွေချိတ်ဆက်ပါ၊ ကိုယ့်လုပ်ငန်းကို သိရှိအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(2) People are interested - မိမိရဲ့ လုပ်ငန်းကို ဖောက်သည်စိတ်ဝင်စားအောင် လုပ်ဖို့အရေးကြီးပါတယ်။ ခေတ်ပြိုင်ဖြစ်တဲ့အခါ အများရဲ့အလည်မှာ မိမိလုပ်ငန်းကို စိတ်ဝင်စားမှုရအောင် ဆွဲဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။

(3) People try you - ဖောက်သည်စိတ်ဝင်စားလာသည်နဲ့အမျှ မိမိလုပ်ငန်းကို ၀ယ်လိုအားတက်လာပြီး ချိတ်ဆက်လာပါလိမ့်မယ်။ ဒီအခါမှာ ၀န်ဆောင်မှုစိတ်ကျေနပ်မှုသဘောဖြစ်တဲ့

Customer Satisfy = Performance > Expectation (ကိုယ့်ရဲ့ဝန်ဆောင်မှုဟာ ဖောက်သည်မျှော်လင့်ချက်ထက် ပိုကောင်းအောင် ဆောင်ရွက်ပေးနိုင်ရင်တော့ ဖောက်သည် စိတ်ကျေနပ်မှုဆိုတာ ဖြစ်လာနိုင်ပါတယ်)

(4) People are happy - ဖောက်သည် စိတ်ကျေနပ်မှုရှိလာသည်နဲ့ မိမိလုပ်ငန်းကို နောက်တကြိမ်ချိတ်ဆက်ဖို့ အခွင့်အရေးထပ်ဖြစ်နိုင်ပါတယ်။ ဖောက်သည်တိုင်းရဲ့နောက်မှာ သူ့ရဲ့အဆက်အသွယ်တွေလည်းရှိလို့ စိတ်ကျေနပ်ဖွယ် ၀န်ဆောင်မှုဟာလည်း ဈေးကွက်အောင်မြင်မှုအတွက် တန်ဖိုးထိန်းရမဲ့ အချက်ပဲဖြစ်ပါတယ်။

(5) People remember you - ဖောက်သည်အပေါ် စိတ်ကျေနပ်စေသော ၀န်ဆောင်မှုပေးနိုင်ခဲ့ရင် ထိုဖောက်သည်ဟာ သင့်ရဲ့လုပ်ငန်း၊ သင့်ရဲ့ထုတ်ကုန်ကို အမြဲလိုလို သတိရနေပြီး၊ နောက်တကြိမ်ချိတ်ဆက်မှုအတွက် အခွင့်အရေးပဲဖြစ်ပါတယ်။

(6) People use you again - ကောင်းမွန်တဲ့ ၀န်ဆောင်မှု၊ ဖောက်သည်စိတ်ကျေနပ်မှု၊ ဈေးကွက်ထိန်းသိမ်းမှုရဲ့နောက်မှာ မိမိရဲ့ ဖောက်သည်တွေဟာ မိမိလုပ်ငန်းအား ထပ်ခါထပ်ခါချိတ်ဆက်လျှက် ရေရှည်စီးပွားရေးဖြစ်လာနိုင်ပါတယ်။

(7) People tell their friends – (1:100) သီအိုရီသဘောတရားမှာ ဖော်ပြထားတဲ့ ဖောက်သည်တဦးရဲ့နောက်မှာ တခြားသော ဖောက်သည်များကို ထပ်ဆင့်ချိတ်ဆက်ပေးခြင်းဖြစ်လာနိုင်လို့ ဖောက်သည်တိုင်းကိုလည်း တန်ဖိုးထားဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။

(8) People make money - ဖောက်သည်များလာခြင်းသည် လုပ်ငန်းအမြတ်ရရှိခြင်းပဲဖြစ်ပါတယ်။ ကိုယ်ရဲ့ထုတ်ကုန်၊ လုပ်ငန်းအား အစဉ်ကြိုက်နှစ်သက်မှုဖြစ်လာမှသာ လုပ်ငန်းအကျိုးအမြတ်ကို ခိုင်မာတည်ဆောက်ဖို့လိုပါတယ်။

 

credit: entrepreneursme.com

www.baganmart.com

Follow Us