Marketing 3.0 သို့ ဖိတ်ခေါ်ကြိုဆိုခြင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ထုတ်လုပ်မူ ဗဟိုပြုတဲ့ ရောင်းဝယ်ရေးစနစ် (Marketing 1.0)
ဟာ စားသုံးသူ ဖောက်သည်တွေကို ဗဟိုပြုတဲ့ ရောင်းဝယ်ရေးပုံစံ (Markeint 2.0) ကို ပြောင်းရွှေ့ ခဲ့ပါတယ်။
ဒီနေ့ စီးပွားရေးလုပ်ငန်း ရောင်းဝယ်ရေးပုံစံဟာ ပတ်ဝန်းကျင်အခြေအနေအရ ကာလ၊ဒေသ၊ပယောဂအလျောက် စွမ်းအားအသစ်တွေထုတ်ပြီး ရွှေ့ လျား လှုပ်ရှုားဖို့ ထပ်လိုအပ်လာတာ တွေ့ နေရပါတယ်။
ကုမ္ပဏီတွေဟာ သူတို့ရဲ့  အာရုံစိုက်မူကို ထုတ်ကုန်ပစ္စည်းတွေကနေ စားသုံးသူတွေကို ဦးတည်ထားရာက လူသားတွေရဲ့ ပြသနာကိစ္စအ၀၀ကို ဖြန့်ကြက်ချဲ့ ထွင်လာကြပါပြီ။
Marketing 3.0 ဟာ ကုမ္ပဏီတွေအနေနဲ့ စားသုံးသူ ဗဟိုပြုရာက လူသားတစ်ရပ်လုံးကို ဗဟိုပြုတဲ့စနစ်ဆီ
ရွှေ့ပြောင်းခဲ့တဲ့ အခြေအနေကို ပြဆိုပါတယ်။ ဒီအခြေအနေမှာ အမြတ်ရ နိုင်စွမ်းဟာ စုပေါင်းတာဝန်ယူမူနဲ့ ဟန်ချက်ညီနေတာ ဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခုအဖို့ ပြိုင်ဆိုင်မူ ပြင်းထန်းတဲ့ စီးပွားရေးလောကမှာ တွင်တွင်ကျယ်ကျယ် ရောင်းချရေးနဲ့ မိမိရဲ့  အသက်ဆက်ရပ်တည်ရေးကို လှုပ်ရှားနေရုံသာမက သစ္စာရှိတဲ့ကွန်ရက်ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်အစုရှယ်ယာဝင်တွေ၊ ၀န်ထမ်းတွေ၊ ဖြန့်ချိရေးသမားတွေ၊အရောင်းသမားတွေ၊ကုန်ကြမ်းသွင်းသူတွေရဲ့  အကျိုးကိုလည်း ထည့်တွက်ရမှာပါပဲ။

ဒီနေ့ ဈေးကွက်ရှာဖွေရေးသမား အတော်များများဟာ မားကတ်တင်း 1.0ကို ကျင့်ဆောင်နေတုန်းပဲ ဖြစ်ပါတယ်။
တချို့ ကလည်း မားကတ်တင်း 2.0အတိုင်း အကျင့်သုံးနေကြသလို လူအနည်းငယ်သာ မားကတ်တင်း 3.0
ဆီ တိုးဝင်နေကြတာတွေ့ ရပါတယ်။လုပ်ငန်းရှင်တွေအတွက် 3.0 ကို ကျင့်ဆောင်ဖို့ အကြီးကျယ်ဆုံး အခွင့်အလမ်းတွေပေါ်လာဖို့ ရှိနေတယ်ဆိုရမှာပါ။
ဟိုးအရင့်အရင်ကာလ….စက်မူခေတ်တွင်းက အဓိက ထားတဲ့ မဏ္တိုင်ဟာ စက်မူနည်ပညာပဲဖြစ်ပါတယ်။
ဈေးကွက်ဖွင့်ရောင်ဝယ်ရာမှာ စက်ရုံရဲ့ ထုတ်ကုန်ပစ္စည်းတွေရောင်းဖို့ပဲ အားသန်တာပါ။အဲဒီကုန်ပစ္စည်းတွေဟာ
ကြီးမားတဲ့ဈေးကွက်ထဲသွင်းဖို့သာ အခြေခံပြီး ဒီဇိုင်းပုံစံတွေ ဆွဲထားတာဖြစ်ပါတယ်။ ရည်မှန်းချက်
အရ ပစ္စည်းတွေက စံချိန်မီပြီး ကုန်ထုတ်စရိတ်အနည်းဆုံးနဲ့ ၀ယ်သူတွေတက်နိုင်တဲ့ အနိုမ့်ဆုံးဈေးနဲ့ တွင်တွင်ကျယ်ကျယ်ရောင်းနိုင်ဖို့ကြိုးစားကြတာပါပဲ။
Henry Ford ရဲ့ Model Tကားတွေကို နမူနာထားကြည့်ပါ။ Ford ပြောတာကတော့-
“ဘယ်သူမဆို အရောင်မျိုးစုံ ထုတ်လုပ်ထားတဲ့ ကားတစ်စီးးတော့ ပိုင်နိုင်ပါတယ်” တဲ့။
ဒါဟာ မားကတ်တင်း 1.0 ပါပဲ (ဒါမှမဟုတ်)ထုတ်ကုန်ကို ဗဟိုပြုတဲ့ ခေတ်စကားလို့ ဆိုရမှာပါ။
ဒီနေ့ သတင်းခေတ်မှာတော့ မားကတ်တင်း 2.0ရယ်လို့ ပေါ်လာပါတယ်။ ဒီမှာ အဓိကထားတာက
သတင်းနည်းပညာပါ။စီးပွားရေး ဈေးကွက်ရှာတဲ့အလုပ်က ၇ိုးရိုးလေးလုပ်လို့ မရတော့ပါဘူး။
ဒီနေ့ သုံးစွဲသူတွေဟာ သတင်းအချက်အလက်တွေ ကောင်းကောင်းကြီးကြားသိခွင့် ရနေသလို ဈေးကွက်ထဲ
ဝင်လာတဲ့ ပစ္စည်းတွေကို အလွယ်တကူ နှိုင်ယှဉ် ရွေးချယ်နေတက်ကြပါပြီ။ ကုန်ပစ္စည်းရဲ့ တန်ဖိုးကို သုံးစွဲသူတွေကပဲ အကဲဖြတ် သတ်မှတ်ကြတာလည်ဖြစ်ပါတယ်။
သူတို့ရဲ့  အကြိုက်ပေါ်မူတည်ပြီး တန်ဖိုးတွေ အကြီးအကျယ် ကွာခြားသွားတယ်ဆိုပါတော့။

ရောင်းတဲ့ လုပ်ငန်းရှင်အနေနဲ့ ဈေးကွက်ကို အမျိုးအစားတွေ ခွဲပြီး အကောင်းဆုံး ပစ္စည်းတစ်ခုကို ပစ်မှတ်ဈေးကွက်ထဲဝင်အောင် ထုတ်လုပ် တင်သွင်းရပါလိမ်မယ်။ Marketing 3.0 ဟာ ရောင်းရေးဝယ်တာလုပ်ငန်းကို လူတွေရဲ့  ပြင်းပြတဲ့ ဆန္ဒ၊ တန်ဖိုးထားမူတွေနဲ့ မနောဝိဥာဉ်တွေရဲ့  အ၀န်းအ၀ိုင်းနယ်ပယ်ထဲရောက်အောင် ဆောင်ပို့မယ်ဆိုတဲ့ အယူအဆကို မြှင့်တင်ပေးပါတယ်။

Marketing 3.0 က သုံးစွဲသူတွေဟာ ရုပ်နာမ်တွဲထားတဲ့ လူသားစင်စစ်တွေ ဖြစ်တာကို နားလည်းတာနဲ့အမျှ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ လျစ်လျူရှုမှားမဟုတ်ပါဘူး။
ဒါကြောင့်လည်း Marketing 3.0အနေနဲ့ စိတ်ခံစားမူနဲ့ လူတွေရဲ့  ၀ိဥာဉ်ပိုင်းကို အပြည့်အ၀ ဖြည့်စွမ်းပေးတဲ့
အရောင်းအ၀ယ်လုပ်ငန်းလို့ ဆိုချင်ပါတယ်။
ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြုံလို့ အကျပ်အတည်းဆိုက်တဲ့ အချိန်တွေထဲမှာ Marketing 3.0 နဲ့ သုံးစွဲသူတွေရဲ့ ဘ၀တွေဟာ ပိုပြီး ဆက်စပ် ပက်သက်လာပါတယ်။ အဲဒီကာလမှာ လူတွေအဖို့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲတက်တဲ့ လူမူရေးစီးပွားရေးနဲ့ ပတ်ဝန်းကျင်တွေရဲ့  မတည်မငြိမ် အုံကြွလှုပ်ရှားမူတွေကို ရင်ဆိုင်တွေ့ ကြုံရပါတယ်။ရောဂါဆိုးတွေ ကမ္ဘာအနှံ့ပျံ့နှံ့လာမယ်။ ဆင်းရဲမွဲတေမူတွေ တိုးပွားလာမယ်။ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမူတွေလည်း အတောမသတ်အောင်ပါဘဲ။
Marketing 3.0 ကို ကျင့်ဆောက်ကြတဲ့ ကုမ္ပဏီတွေအဖို့ ဒီပြသနာတွေက ဆန့်ကျင်ပြီး လူတွေကို မျှောင်လင့်ချက်နဲ့အဖြေတွေရှာပေးရပါမယ်။ ဒီလိုနဲ့ သုံးစွဲသူတွေဟာ စိတ်ရောကိုယ်ပါ အဆင့်မြင့်ပြီး သက်သာမူ ရလာမှာပါ။

Marketing 3.0 ရဲ့ အဓိကအယူဝါဒ(၁)
မိမိရဲ့ စားသုံးသူများကို ချစ်ခင်ပါပြိုင်ဘက်တွေကိုလေးစားပါ။
အဓိကအယူဝါဒ(၂)
ပြောင်းလဲဖို့အသိနဲ့ သတိထားပါ အသွင်ပြောင်းဖို့ အဆင်သင့်ရှိပါ။
အဓိကအယူဝါဒ(၃)
မိမိနာမည်ကို ထိန်းသိမ်းစောင့်ရှောက်ပါ သမိုင်းကြောင်း သန့်စင်လှပပါစေ။
အဓိကအယူဝါဒ(၄)
စားသုံးသူအမျိုးမျိုးရှိပါတယ် မိမိထံက အကျိုးအများဆုံး ခံစားရတွေဆီ အရင်သွားပါ။
အဓိကအယူဝါး(၅)
အမြဲတမ်း သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကောင်းကောင်းမွန်မွန် ထုတ်ပေးပါ။
အဓိကအယူဝါဒ(၆)
ကိုယ်တိုင်အမြဲရှိနေပြီး သတင်းကောင်းတွေဖြန့်ဝေပါ
အဓိကအယူဝါဒ(၇)
ဝယ်သူတွေကို စုပါ ထိန်းထားပါ သူတို့ကို ကြီးပွားအောင်လုပ်ပေးပါ။
အဓိကအယူဝါဒ(၈)
သင့်အလုပ်က ဘာအလုပ်ပဲဖြစ်ပါစေ ၀န်ဆောင်မူ လုပ်ငန်းတစ်ခုပါပဲ
အဓိကအယူဝါဒ(၉)
မိမိလုပ်ငန်းစဉ်မှ အရည်အသွေး၊ကုန်ကျစရိတ်နဲ့ပေးပို့မူတွေကို အမြဲသုံးသပ်စိစစ်ပြီး မွမ်းမံပြင်ဆင်ပါ။
အဓိကအယူဝါဒ(၁၀)
အရေးကြီးပြီးအသုံးဝင်တဲ့ သတင်းတွေစုဆောင်းပါ ဒါပေမဲ့ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ဥာဏ်ပညာကိုသုံးပါ။
စာရေးသူ=ညီညီနိုင် (မြန်မာပြန်)

credit: EntrepreneurSme.com

www.baganmart.com

လုပ်ငန်းရှင်များ ရောင်းဝယ်ရာ

Follow Us