Jewelry Exhibition နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်မည်

နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင် မည့် ကျောက်မျက်ရတနာ ပြပွဲကျင်းပမည်

နိုင်ငံပေါင်း ၁၀ နိုင်ငံနှင့် နောက်ဆုံးပေါ် လက်ဝတ်ရတနာထုတ်လုပ်ခြင်း နည်းပညာများပါဝင်မည့် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို ဧပြီ ၁ ရက်မှ ၄ ရက် အထိ ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ လက်ဝတ်ရတနာ ကုန်သွယ်မှုစင်တာတွင် ကျင်းပ
မည်ဟု သိရသည်။

အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် မြန်မာ၊ အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊အိန္ဒိယ၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံနှင့်

ဟောင်ကောင် စသည့်နိုင်ငံ များက ကုမ္ပဏီပေါင်း ၅၀ ပါဝင်ပြသမည်ဟု ပြပွဲကိုကြီးမှူး ဆောင်ရွက်မည့် Asia Connect International ဒါရိုက်တာ မိုက်ကယ်ခါနစ္စ ဂျန့်က ပြောသည်။

၂၀၁၆ ဇန်န၀ါရီမှစ၍ အာဆီယံ ၁၀ နိုင်ငံ လုံးတွင် လွတ်လပ်သော ကုန်သွယ်မှုစနစ်ဖြင့် အာဆီယံစီးပွားရေး အသိုက်အ၀န်းကို ပုံဖော်လျက်ရှိရာ ယခုအချိန်သည် မြန်မာ့လက်ဝတ်ရတနာ ထုတ်လုပ်သူများအတွက် အာဆီယံနိုင်ငံများအကြား ဈေးကွက်ချဲ့ထွင် နိုင်မည့် အထူးအခွင့်အရေး
တစ်ရပ်ပင် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ လက်ဝတ်ရတနာပြပွဲတွင် အခန်း ကဏ္ဍ ခြောက်မျိုးဖြင့် ပြသမည်ဖြစ်ပြီး အချောသတ် လက်ဝတ်ရတနာများကို လက် ကားဈေးနှုန်းဖြင့်

ရရှိနိုင်မည့် အီတလီ၊ ဟောင်ကောင် လှပသော ဒီဇိုင်းလက်ဝတ် ရတနာများ၊ ဩစတြေးလျက စိန်များနှင့် ဘယ်လ်ဂျီယံ၏ အကောင်းဆုံး စိန်အမှတ်
တံဆိပ်များထဲမှ ဆန်းသစ်စွာ ပုံသွင်းထား သော စိန်များကို ရောင်းချမည်ဖြစ်သည်။ ဟောင်ကောင်၊ ထိုင်း၊ မြန်မာနိုင်ငံတို့က အချောထည် လက်ဝတ်ရတနာများ၊ ကိုလံ ဘီယာနှင့် ဘရာဇီးတို့က မြရတနာများကို လည်း ပြသမည်ဖြစ်သည်။

ထို့ပြင် လက်ဝတ်ရတနာထုတ်လုပ်ခြင်းနှင့် ကျောက်ဖြတ်ခြင်းများ၊ ကိရိယာများအတွက် လေဆာဖြင့် ဂဟေဆက်ခြင်း၊ သုံးဖက်မြင် ပုံနှိပ် ခြင်းနှင့် ရွှေကြိုးများထုတ်လုပ်ခြင်းတို့အတွက် နောက်ဆုံးပေါ် နည်းပညာများနှင့် အကောင်းဆုံး လုပ်ငန်းသုံးပစ္စည်းကိရိယာများကိုလည်း ပြသမည်ဖြစ်သည်။

Credit: MyanmarTimes

www.baganmart.com

www.facebook.com/baganmart

Follow Us