Endophytes နှင့် Symbiosis မှိုများသည် စပါးစိုက်ရာတွင် ဆား&

စပါးစေ့ကို မှိုနဲ့သဟ ဇီဝဖြစ်စေပြီး စိုက်ရင် ဆားငန်၊ အပူနှင့်အအေး ရေငတ်ဒဏ်တွေကို ခံနိုင်လာမည်
စပါးဟာ ကမ္ဘာ့ လူဦးရေ တစ်ဝက်ခန့် နေ့စဉ် စားသုံးနေတဲ့ အရေးပါတဲ့ အခြေခံ နှံစားသီးနှံ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များ
အတွင်း ရာသီဥတု ပြောင်းလဲ ဖောက်ပြန် လာမှုများကြောင့် ကမ္ဘာ့ဒေသ အများအပြားမှာ ဆန်စပါး ထုတ်လုပ်မှု လျော့နည်းကျ
ဆင်းလာခဲ့ ရပါတယ်။ ဥပမာ- ၂၀၀၄ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ငလျင်လှုပ် မှုကြောင့် အင်ဒိုနီးရှားမှာ ပင်လယ် ဒီရေမြင့်တက်ပြီး ရေ
လွှမ်းမိုးမှုခံ ခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများမှာ ပင်လယ်ရေ
မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ကာ ရေလွှမ်းမိုးမှု ကြီးမားစွာ ခံခဲ့ရ ပါတယ်။

ဒီဖြစ်စဉ် နှစ်ခုကြောင့် စပါး စိုက်ပျိုးထုတ်လုပ် နေတဲ့ လယ်မြေများကို ဆားငန် ရေလွှမ်းမိုးမှု ခံခဲ့ကြရကာ စပါး အထွက်များ ကျ
ဆင်းခဲ့ရ သကဲ့သို့ အချို့ဒေသ လယ်မြေများမှာ နောက် ၂ နှစ် ခန့်ထိ စပါးစိုက်ပျိုး မရနို်င်တဲ့ အခြေအနေများ ဖြစ်ပေါ်ထိခိုက်စေ
ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၀ ကာလအတွင်း ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာ မှုကြောင့် စပါးစိုက် ရာသီ ကာလအတွင်း
အနိမ့်ဆုံး အပူချိန် များလည်း မြင့်တက် လာခဲ့တဲ့ အတွက် တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံများရဲ့ စပါးအထွက်များ ကျဆင်းလာ
ခဲ့တာကို တွေ့ရပါတယ်။

မိုးခေါင်တဲ့ ဒေသများ မှာလည်း စပါးအောင်ရေ မရလို့ ပျက်စီးဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။ ဒီအဖြစ်အပျက် များနဲ့အတူ
တိုးပွားလာတဲ့ ကမ္ဘာ့လူဦးရေအတွက် ဆန်စပါး လိုအပ်ချက်များဖြစ်လာသကဲ့သို့ ဆန်စပါး ဈေးနှုန်းများလည်း မြင့်တက်လာနေ
လို့ ဆာလောင်မှုနဲ့ ငတ်မွတ်မှုဘေးများကြုံတွေ့လာနေရပါပြီ။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာ မှုများကြောင့် လက်ရှိ စီးပွား
ဖြစ် စိုက်ပျိုး ထုတ်လုပ်နေကြတဲ့ စပါးမျိုးများရဲ့ စိုက်ပျိုး ဖြစ်ထွန်းနိုင်မှု များဟာလည်း ရာသီဥတု ပေါ်မူတည် တုံ့ပြန်နေကြတဲ့
အတွက် စပါး အထွက် စသည်ခန့်မှန်းရာတွင် မသေချာတဲ့ အခက်အခဲများ ကြုံတွေ့လာနေရပါတယ်။ သက်လျင်စပါးမျိုးများ၊
အထွက် ကောင်းနဲ့ စပ်မျိုး စပါးမျိုးများကို အစားထိုး စိုက်ပျိုးလာနေကြပေမယ့် အဲဒီစပါးမျိုးများ ဟာလည်း ရာသီဥတု ဖောက်
ပြန်တဲ့ ပြင်းထန်မှုအခြေအနေပေါ် မူတည်ပြီး အပင် ဖြစ်ထွန်းမှုနဲ့ စပါးအထွက်က မူတည်နေပါတယ်။

စပါးမျိုး မွေးမြူရေးပညာရှင်များ အနေနဲ့ ဆားငန်ဒဏ် ခံနိုင်ရည်ရှိတဲ့ စပါးမျိုး များ၊ ရေငတ်ဒဏ် ခံနိုင်တဲ့ စပါးမျိုးများနဲ့ အအေး
ဒဏ်ခံနိုင်တဲ့ စပါးမျိုးများကို မွေးမြူ ထုတ်လုပ်ပေးနေကြသော်လည်း စိုက်ပျိုးတဲ့ ဒေသများရဲ့ မတူညီတဲ့ ရာသီဥတုအခြေအနေ
များကြောင့် အခက်အခဲများ ရှိနေ သလို စပါးအပါအ၀င် အပင်များရဲ့ပတ်ဝန်း ကျင်နဲ့ လိုက်လျောညီထွေဖြစ်စေနိုင်မှု ဖြစ်စဉ်ကို
တိကျစွာဖေါ်ထုတ်နိုင်မှု မရှိကြ သေးပါ။ အမေရိကန်ပြည်ထောင်စု ၀ါရှင် တန် တက္ကသိုလ်နဲ့ ကာလီဖိုးနီးယားပြည်နယ်
တက္ကသိုလ်များမှ သုတေသီများဟာ လက်ရှိစိုက်ပျိုးနေတဲ့ စပါးမျိုးများကို အပင် တွင်း မှီခိုနေတဲ့မှိုများ(Endophytes)နဲ့ သဟ
ဇီဝဖြစ်စေပြီး (Symbiosis) မှိုရဲ့ အကူအညီနဲ့ ပတ်ဝန်းကျင် ဖိစီးမှုများဖြစ်တဲ့ ဆားငန် ရေ၀င်မှု၊ အပူချိန်မြင့်မှု၊ နိမ့်မှု (ပိုအေးလာ
မှု)နဲ့ မိုးခေါင်ကာ ရေငတ်မှုများ ဒဏ်ကို ခံနိုင်ရည်ရှိလာနိုင်မှုအခြေအနေ များကို လေ့လာစမ်းသပ်ခဲ့ပြီး တွေ့ရှိချက် များကို
အင်တာနက်မှာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ထုတ် PLoS ONE ဂျာနယ်၊ အတွဲ(၆) အမှတ်(၇)မှာ လုပ်ဆောင်ချက် များနဲ့ အတူအသေး
စိတ် ဖော်ပြထား ပါတယ်။

တွေ့ရှိခဲ့တဲ့ ရလဒ်များဟာ စိတ်ဝင်စားစရာ ကောင်းသလို မြန်မာနိုင်ငံ ကဲ့သို့ စပါးသီးနှံ အဓိက စိုက်ပျိုး ထုတ်လုပ်တဲ့ ဒေသများမှာ
တွေ့ကြုံ နေကြရတဲ့ ဆိုးရွားတဲ့ ပတ်ဝန်းကျင်ဖိစီးမှု အခြေအနေများကို ကျော်လွှားနိုင်မယ့်နည်း ပညာအဖြစ် အသုံးပြုလာနိုင်မယ့်
အလား အလာကို မျှော်ကိုးပြီး အဓိကအချက်များကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။ အပင်များဟာ ဆိုးရွားတဲ့ ပတ်ဝန်းကျင် ဖိစီးမှု
များရဲ့ဒဏ်ကို ခံနိုင်ရည်ရှိနိုင် စေရေးမှာ အပင်ရဲ့ လွယ်ကူစွာရုပ်သွင် ပြုပြင်နိုင်မှုနဲ့ မျိုးဗီဇဆိုင်ရာ လိုက်လျော ညီထွေဖြစ်စေမှုတို့
ပူးပေါင်း ဖြစ်ပေါ်စေတယ်လို့ ဆိုကြပါတယ်။ သို့သော် ပြင်းထန်တဲ့ ပတ်ဝန်းကျင်ဖိစီးမှုဒဏ်ကို ဘယ်လို ခံနိုင်ရည်ရှိစေတာလဲဆိုတဲ့
ဖြစ်စဉ် များကိုတော့ ကောင်းစွာ အနက် မဖွင့်နိုင်ကြသေးပါ။

အပင်များ ပတ်ဝန်းကျင် ဖိစီးမှု ဒဏ်ကို ဘယ်လို တုံ့ပြန်ကြတယ် ဆိုတာကို မျိုးရိုး ဗီဇ၊ မော်လီကျူးနဲ့ ဇီဝကမ္မ ရှုထောင့်များမှ လေ့
လာဖော်ပြမှုများ များစွာရှိကြပါတယ်။ သို့သော် ထိုဒေသများမှာ ပေါက်ရောက်နေတဲ့ အပင်များဟာ ပြင်းထန်တဲ့ ပတ်ဝန်းကျင်
ဖိစီးမှု အောက်မှာ ဘယ်လို လိုက်လျောညီထွေ ဖြစ်စေကာ ခံနိုင်ရည်ရှိနေကြသလဲ ဆိုတဲ့ သဘာဝဖြစ်စဉ်ကိုတော့ ရှင်းပြဖော်ထုတ်
မှု မရှိကြသေးပါ။ ဂေဟဗေဒဆိုင်ရာ လေ့လာမှုများမှာလည်း သဘာဝ ဂေဟစနစ်မှာ အပင်များဟာ အပင်အတွင်း မှီခိုနေတဲ့ မှိုများ
နဲ့ (Endophytes) နဲ့ သဟဇီဝ ဖြစ်နေကြကာ (Symbiosis) ၎င်းမှိုများဟာ အပင် များကို ပတ်ဝန်းကျင် ဖိစီးမှုများရဲ့ဒဏ်ကို ခံနိုင်
ရည် ရှိလာစေဖို့ ကူညီပေးနေသလားဆို တာကို စဉ်းစားရန် မေ့လျော့ နေခဲ့ကြပါတယ်။

ဥပမာ အပင်ရဲ့အမြစ်များနဲ့ ပင်စည်၊ အကိုင်း၊ အရွက် စတဲ့ ထုထည်ပမာဏ (Biomass) တိုးတက်လာစေမှု၊ သီးနှံအထွက် တိုးတက်
လာစေမှု၊ ပတ်ဝန်းကျင် ဆိုးရွားမှုဒဏ်များနဲ့ ပိုး၊ ရောဂါများ ကျရောက်မှု များကို ခံနိုင်ရည် ရှိလာစေမှုများ အပေါ် အပင် အတွင်းမှီခို
နေတဲ့ မှိုများက ကူညီပေးနိုင် ပါတယ်။ (ပဲသီးနှံများ စိုက်ရာမှာ ရိုင်ဇိုဘီယမ် (Rhyzobium) လို့ ခေါ်တဲ့ ပဲမြစ်ဖု ဘက်တီးရီးယားကို
မျိုးစေ့နဲ့ လူးနယ် ပေးပြီး စိုက်ရင် လေထဲကနိုက်ထရိုဂျင် ဓာတ်ကိုစုပ်ယူပြီး အပင်ကရရှိနိုင်တယ် ဆိုတာကတော့ အတော်များများ
သိရှိအသုံးပြု နေကြပါပြီ)။

ယခု ပြုလုပ်ခဲ့တဲ့ သုတေသန မှာတော့ သုတေသီ များဟာ စီးပွားဖြစ် စိုက်ပျိုးနေတဲ့ စပါးမျိုးနှစ်မျိုးကို ပင်လယ်ကမ်းခြေ များမှာ
သဘာဝ ပေါက်နေတဲ့အပင် (ဆားငန် ဒဏ်ခံ)မှာ အပင်တွင်း မှီခိုနေတဲ့ မှိုရဲ့စပိုးများ၊ သတ္တုတွင်း ဟောင်းများလို မြေပူများမှာ
ပေါက်နေတဲ့(အပူဒဏ်ခံ)အပင်က အပင် တွင်း မှီခိုနေတဲ့မှိုစပိုးများကို ထုတ်ယူမွေးမြူ ပြီး စပါးမျိုးစေ့ သို့မဟုတ် အပင်မှာ အတူ
ပူးတွဲ နေစေ(Colony) ပြီး သဟဇီဝ ဖြစ်စေမှုကို စိုက်ပျိုးစမ်းသပ်ခဲ့ကြပါတယ်။ သုတေသန ခေါင်းဆောင် တစ်ဦးဖြစ်သူ
(Dr. Rusty Rudriguez) ကတော့ သုတေသနဟာ အောင်မြင်မှု ရခဲ့ကြောင်း၊ စမ်းသပ်တဲ့ စပါး မျိုးတွေဟာ သဘာဝအခြေအနေ
တွေမှာ ခံနိုင်ရည်မရှိကြပေမယ့် အခုစမ်းသပ်မှုမှာမူ စပါးပင်များဟာ ဆားငန်ဒဏ်၊ အအေးဒဏ် နဲ့ ရေငတ်ဒဏ်တွေကို ကောင်း
ကောင်းခံ နိုင်ရည်ရှိလာကြတယ်လို့ ဆိုပါတယ်။

စပါး စိုက်ပျိုးရာသီ အတွင်း အပူချိန် (1HC) မြင့်တိုင်း စပါးအထွက် ၁၀ ရာခိုင်နှုန်း လျော့နည်း စေလို့ အပူဒဏ်ခံမှုကိုလည်း ဆက်
စမ်းသပ် မယ်လို့ ဆိုပါတယ်။ သုတေသီများဟာ ပင်လယ်ကမ်းစပ်များမှာ ပေါက်ရောက်နေတဲ့ ဆားငန်ဒဏ်ကိုခံနိုင်တဲ့ (Dune
grass) (Leymus mollis)လို့ခေါ်တဲ့ မြက်ပင်မှာရှိတဲ့ အပင်အတွင်းမှီခိုနေတဲ့ မှိုမျိုး (Fusarium culmorum) ရဲ့ စပိုးများနဲ့ စပါး
မျိုးစေ့ကို ပူးတွဲ(ယှဉ်တွဲ)နေစေပြီး စိုက်ပျိုးခဲ့ရာ မှိုရဲ့ စွမ်းဆောင်မှုကြောင့် စပါးပင်များမှာ ပုံမှန် ထက် ရေသုံးစွဲမှု တစ်ဝက်သာ
သုံးစွဲစေကာ အမြစ်ပိုကြီးထွားလာစေခြင်း၊ အပင်ကြီး ထွား ဖွံ့ဖြိုးမှု ပိုကောင်းစေခြင်း၊ ဆားငန် ဒဏ်ခံနိုင်လာစေပြီး စပါးထွက်
တိုးစေ ကြောင်းတွေ့ရပါတယ်။ီကညနါမျေ ဟာ သဘာဝမှာ မျိုးဗီဇကြောင့် ဆားငန်ဒဏ်ကို ခံနိုင်စေတယ်လို့ သာမန်အားဖြင့်
ယူဆခဲ့ ကြပါတယ်။

သို့သော် ဒီအပင်ထဲမှာ ရှိနေတဲ့ မှိုမပါစေဘဲ ခွဲထုတ်ပြီး စိုက်ရင် Dune grass ဟာ ဆားငန်ဒဏ်ကို ခံနိုင်ရည် မရှိတော့တာကို
တွေ့ရတယ်လို့ သုတေသီ Dune grass က ဆိုပါတယ်။ ဆိုလိုတာက သဘာဝမှာ ဒီအပင်ဟာ မျိုးဗီဇကြောင့် ဆားငန်ဒဏ်ကို
ခံနိုင်နေတာမဟုတ်ဘဲ အတူယှဉ်တွဲနေ နေတဲ့ မှိုရဲ့အကျိုးပြုမှုကြောင့်သာ ဆားငန် ဒဏ်ကို ခံနိုင်စေတာဖြစ်တယ်လို့ Dr. Rudri-
guez က ရှင်းပြပါတယ်။ မြေတွင်း အပူဒဏ်ကိုခံနိုင်တဲ့ (Di-chanthelium lanuginosum) လို့ ခေါ်တဲ့ အပင်မှာ အပင်တွင်း
ယှဉ်တွဲရှိနေတဲ့ (Curvularia protuberata) မှိုကနေပြီး အပူဒဏ်ခံ နိုင်စေတဲ့ မျိုးကွဲတစ်မျိုး (Isolate) ကို မြေပူတွေမှာ နွေရာသီ
အပူဆုံး အချိန်မှာ ပေါက်နေတဲ့ အပင်က ရယူပြီး နောက်မျိုးကွဲ တစ်မျိုးကိုတော့ အအေးဆုံးအချိန်မှာ ပေါက်နေတဲ့ အပင်က ရယူ
ကာ စပါးစေ့မှာ အတူပူးတွဲရှိနေစေပြီး စိုက်ပျိုးစမ်းသပ် ခဲ့တာ ဖြစ်ပါတယ်။

မှိုမျိုးကွဲ နှစ်မျိုး (Isolates) ဟာ ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိမှုမှာ တူညီကြပြီး အပူဆုံးရာသီမှာယူခဲ့တဲ့ မှိုမျိုးကွဲက အပူဒဏ်ကို
ခံနိုင်စေပြီးတော့ အအေးဆုံး ရာသီမှာ ရယူခဲ့တဲ့ မှိုစပိုးမျိုးကွဲကတော့ အအေးဒဏ်ကို ခံနိုင်ရည်ရှိလာစေတယ် လို့ ဆိုပါတယ်။
မှိုမျိုးများရယူခဲ့တဲ့ အပင် နှစ်မျိုးလုံးဟာ စပါးမျိုးရင်း (Poaceae) မှာ ပါဝင်ကြပေမယ့် မျိုးရင်းခွဲ (Sub-family) ကတော့ မတူကြပါ။
ဒီတွေ့ရှိချက်ဟာ အရေးကြီးတဲ့ ဖော်ထုတ်နိုင်ခဲ့မှု တစ်ခု ဖြစ်ပါတယ်။ မျိုးဗီဇ ဆက်စပ်မှု မရှိတဲ့ အပင်နှစ်ပင်ကရယူခဲ့တဲ့ အပင်
တွင်း အတူ ယှဉ်တွဲ နေထိုင် နေတဲ့ မှိုမျိုး နှစ်မျိုးဟာ အပင်များကို ဆားငန်ဒဏ်၊ ရေငတ်ဒဏ်၊ အပူနဲ့အအေးဒဏ်များကို ခံနိုင်ရည်
ရှိလာ စေနိုင်တာကြောင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်နေတဲ့ အခြေအနေမှာ ဒီမှိုတွေ ဟာ အထူးအသုံးဝင်လာစေမှာ ဖြစ်ပါ
တယ်။

ဒီမှိုတွေဟာ အစေ့ရွက်စုံ အပင်မျိုး ဖြစ်တဲ့ ခရမ်းချဉ်မှာလည်း ပတ်ဝန်းကျင် ဖိစီးမှု ဒဏ်ကို ခံနိုင်စေတယ်လို့ ဆိုပါတယ်။ (စပါးဟာ
အစေ့ရွက် တစ်ရွက်သာပါတဲ့ အစေ့ရွက်ထီးပင်အုပ်စုမှာပါ ၀င်ပါတယ်)။ ဒီစနစ်ဟာ အပင်များ ပတ်ဝန်းကျင်ဆိုးရွားမှု ဒဏ်ခံရမှုမှ
လျော့ပါး သက်သာလာ စေနိုင်တဲ့ နည်းဗျူဟာ တစ်ခုဖြစ်ကြောင်း (Dr.Rudriguez) က ရှင်းပြပါတယ်။ ဒီလို မှိုနဲ့ အပင် သဟဇီဝ
ဖြစ်ကာ အပင်များကို အကျိုးပြုပေးစေမှုကို(Symbiogenic) ဆိုပြီး အမည်သစ်ပေး ထားကြောင်းနဲ့ သဟဇီဝ ဖြစ်နေမှုကြောင့် မျိုးဗီဇရဲ့ ဖော်ထုတ် ပြသမှုကို ပြောင်းလဲပေးနိုင်တယ်လို့ ဆိုပါတယ်။ သို့သော် စပါးပင်ရဲ့ဒီအင်နေ (DNA) ပြောင်းသွား တာ
မဟုတ်ဘဲ သဘာဝမှာ ဖြစ်နေတာကို ဖော်ဆောင်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်လို Dr. Rudriguez ကရှင်းပြပါတယ်။

ဒီသုတေသန စာတမ်းဟာ အတော် စိတ်ဝင်စား စရာကောင်းသလို ပတ်ဝန်းကျင် ရာသီဥတု ပြောင်းလဲ နေတာကို ခံနေရတဲ့
မြန်မာနိုင်ငံရဲ့ စပါးအပါအ၀င် အခြားသီးနှံ များ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်လာစေ ပြီး သီးနှံအထွက်များ တိုးတက်ရရှိလာ
စေ နိုင်တဲ့ နည်းပညာကောင်းတစ်ခု ဖြစ်လာနိုင် ပါတယ်။ ဆားငန်ဒဏ် ခံနိုင်မှုအတွက် ဆားပြင်းအားကို ၃၀၀ မီလီမိုး(300mM)
ထိပြင်းအားအမျိုးမျိုး စမ်းခဲ့တာပါ။ ဒီနည်း ပညာဟာ မြန်မာနိုင်ငံရဲ့ နွေစပါးရာသီ မှာ ပင်လယ်ရေငန်ဝင်လို့ အဆင်မပြေတဲ့ ကမ်းရိုး
တန်းဒေသများ၊ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှားဒေသ၊ ဆည်ရေငန်သောက်ဒေသများမှာ စပါးစိုက်ပျိုး အောင်မြင်မှုများ
ရလာနိုင်ပါတယ်။

ရှမ်းပြည်နယ်လို ဆောင်းရာသီအေးလို့ နွေစပါး ပျိုးထောင်ရခက်ခဲတဲ့ ဒေသများအတွက် လည်း အဆင်ပြေလာစေနိုင်ပါတယ်။ မှိုနဲ့
သဟဇီဝဖြစ်နေတဲ့ စပါးစေ့က အပင်ပေါက် ဟာ အမြစ်ပိုင်း စတင်ကြီးထွားစေပြီးမှ အညွန့် ဆက်ကြီးလာတာကို တွေ့ရပါတယ်။
သာမန်စပါးစေ့ အပင်ပေါက်က တော့ အညွန့်စတင်ကြီးပြီးမှ အမြစ် ဆက်ကြီးတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာရှိကြတဲ့
စိုက်ပျိုးရေး ပညာရှင် များဟာ မှိုပညာရှင်များ၊ အပင်ရောဂါ ပညာရှင်များနဲ့ပူးပေါင်းပြီး ပြည်တွင်းမှာရှိ တဲ့ သဘာဝဖိစီးမှုဒဏ်ကိုခံ
နိုင်တဲ့ အပင်မျိုး များကို ရှာဖွေကာ မှိုနဲ့သဟဇီဝဖြစ်မှုများကို လေ့လာဖေါ်ထုတ်ခြင်း၊ မှိုမျိုးများကိုမွေးမြူ ခြင်း၊ လက်ရှိ စိုက်ပျိုးနေ
ကြတဲ့ သီးနှံမျိုးများ မှာ မှိုကိုပူးပေါင်းကာ သဟဇီဝဖြစ်မှု စတဲ့ လုပ်ငန်းများကို သုတေသနပြုလုပ်ကာ အရေးကြီး စိုက်ပျိုးသီးနှံပင်
များ ပတ်ဝန်းကျင် ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိလာစေပြီး သီးနှံအထွက် တိုးတက်လာစေနိုင်ရန် အတွက် စမ်းသပ်ဆောင်ရွက်ပေး
ကြပါရန် အထူးမေတ္တာရပ်ခံလိုပါကြောင်း ရေးသား လိုက်ရပါတယ်။

- ဒေါက်တာ စိန်လှဗိုလ်

credit: The Farmer Myanmar

www.baganmart.com

Follow Us