China အစိုးရ ဖမ်းဆီးမှုကြောင့် မူဆယ်တွင်သောင

တရုတ် အစိုးရက မြန်မာကုန်စည်များ ဖမ်းဆီးမှုကြောင့် မူဆယ်ဒေသတွင်သောင်တင်နေသော မြန်မာ ကုန်စည်များ အတွက် နိုင်ငံတော်အဆင့် ၀င်ရောက် ဖြေရှင်းပေးရန် အသနားခံ စာတင်မည်

တရုတ်နိုင်ငံ အစိုးရ၏ အဖမ်းဆီး များကြောင့် တရုတ်-မူဆယ် နယ်စပ်ဒေသတွင် သောင်တင် နေသော မြန်မာကုန်စည် များ၏ အခက်
အခဲကို နိုင်ငံတော် အဆင့်ရှိ တာဝန်ရှိ သူများ အနေဖြင့် ကူညီဖြေရှင်း ပေးမှ ရရှိနိုင်မည် ဖြစ်သဖြင့် ဒုက္ခရောက်နေသော မြန်မာ ကုန်
သည်များ အတွက် အစိုးရသစ် ထံသို့ အသနားခံစာ တင်ပြပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဒုတိယ
ဥက္ကဌ ဒေါက်တာ စိုးထွန်းက မြန်မာတောင်သူကြီးများ ဂျာနယ်ကို ပြောသည်။ ထိုသို့ ဆက်တိုက် ဖမ်းဆီးနေမှု များသည် တရုတ်အစိုးရ
မှ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားရေးတွင် အရေးပါသည့် နိုင်ငံ ဖြစ်ကြောင်း ဖိအားပေးသည့် သဘော အနေဖြင့် စမ်းသပ်လိုက်
ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြော ကြားသည်။

“ အဓိကတော့ တရုတ်နိုင်ငံက သူတို့ ရဲ့ စီးပွားရေး အရဟာ မြန်မာနိုင်ငံ အတွက် အရေးပါတယ်ဆိုတဲ့ ပုံစံနဲ့ အစိုးရသစ်ကို ဖိအားပေး
လိုက်တဲ့ သဘောပေါ့။ အစိုးရသစ် တက်လာချိန် မှာလည်း တရုတ်ဟာ မြန်မာ နိုင်ငံနဲ့ စီးပွားရေး အလားအလာ အများကြီး သက်ဆိုင်
မှု ရှိတယ်ဆိုတာကိုလည်း သိစေချင်တဲ့ သဘောလို့ ကျွန်တော် ထင်ပါတယ်”ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ ယခု အချိန်အခါ
သည် တရုတ်နိုင်ငံ အနေဖြင့် ပြောင်းနှင့် ကြံ အစရှိသည့် သီးနှံ များပေါ်ချိန်ဖြစ် သဖြင့် ၎င်းတို့ နိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ
လယ်သမားများ အတွက် ဈေးနှုန်းအရ ကာကွယ်ပေးသည့် သဘောလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်၍ပြောသည်။

တရုတ်အစိုးရ အနေဖြင့် ထိုကဲ့သို့ စီးပွားရေးအရ အရေးပါကြောင်း ၎င်းတို့ နိုင်ငံတောင်သူ လယ်သမား များကို ကာကွယ်ပေးသည့်

သဘောအဖြစ် ပြုလုပ်လိုက်ခြင်းကြောင့် မြန်မာကုန်သည် အများအပြား နယ်စပ်ဒေသတွင် ဒုက္ခရောက် ရှိနေကြပြီး နွေစပါးပေါ်
ရာသီရောက်ရှိတော့မည် ဖြစ်သဖြင့် နိုင်ငံတော် အစိုးရ အဆင့်အနေဖြင့် အဆိုပါ ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါက
ပြည်တွင်း ဆန်စပါး ဈေးနှုန်းများ ကျဆင်းဖွယ် ရှိကြောင်း ဒေါက်တာ စိုးထွန်း က သုံးသပ်ပြောကြားသည်။

“ ဆန်ဈေးတွေက ဒီတစ် နှစ်ရက် အတောအတွင်း တစ်အိတ်ကို နှစ်ထောင် လောက်ပြန် ကျသွားပြီ။ သကြား ဆိုရင်လည်း ၀ယ်သူ
မရှိသလောက်ဘဲ”ဟု ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။ တရုတ် နိုင်ငံသည် ၎င်းတို့၏ ဥပဒေ လုပ်ထုံး

လုပ်နည်းများဖြင့် ဆောင်ရွက်နေ သော်လည်း မြန်မာ ကုန်သည် အများစု တင်ပို့သည့် ကုန်ပစ္စည်းများမှာ မူဆယ်တွင် သာမက
မန္တလေး မြို့ပေါ်တွင်လည်း သောင်တင် နေကြောင်း ကုန်သည်များက ပြောကြားသည်။

ယခု ကဲ့သို့ တရုတ်နိုင်ငံ၏ ဖမ်းဆီးမှု များကြောင့် မြန်မာကုန်သည် များသည် နွေစပါးပြန်လည်ဝယ်ယူရန်အတွက် ငွေ အခက်အခဲ
များ ဖြစ်ပေါ်နေပြီး ထိုကဲ့သို့ ပြည်တွင်း စပါးပေါ်ချိန်တွင် ကုန်သည်များ ပြန်လည် မ၀ယ်ယူနိုင်ပါက တောင်သူများပါ အခက်အခဲ
ဖြစ်ပေါ် စေနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။ “ နွေစပါးက အလှိုင်ဆုံးဖြစ်တော့ မယ်။ ဒီနှစ်နွေစပါးအထွက်က အင်အား
ကြီးတယ်။ ရှားရှားပါးပါးထွက်တဲ့နှစ် မဟုတ်ဘူး။ ပြီးခဲ့တဲ့ နွေစပါး ပေါ်ချိန်တုန်း က တွက်ခြေမကိုက်တဲ့ ဆန် ကုန်သည်တွေက
သကြား ဘက်ထဲ မြှုပ်ထားတယ်။ အဲငွေ တွေက ပြန်မပေါ်သေးတော့ ဒီနှစ်နွေစပါး ကို ဘယ်သူတွေဝယ်မလဲဆိုတဲ့ မေးခွန်း ထုတ်
စရာ ဖြစ်လာတယ်”ဟု ဦးသန်းဦးက ပြောသည်။

တရုတ် အစိုးအနေဖြင့် ထိုကဲ့သို့ အချိန်ကြာမြင့်စွာ ဖမ်းဆီးမှုများ ပြုလုပ်နေမည် ဆိုပါက နှစ်ဦး နှစ်ဖက် ထိခိုက်နစ်နာမှုများ ရှိခဲ့မည်
ဖြစ်သော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထက် စီးပွားရေးအရ သာလွန်နေသည့် အတွက် တောင့်ခံထားနိုင် သော်လည်း
မြန်မာနိုင်ငံ အနေဖြင့် တရုတ် နိုင်ငံနှင့် စီးပွားအရေး အရ အားနည်းသည့် အတွက် ရေရှည် မတောင့်ခံနိုင်ကြောင်း ဒေါက်တာစိုးထွန်း
က ပြောသည်။“ဘာဘဲဖြစ်ဖြစ် အစိုးရ ကတော့ စီးပွားကူးသန်းက သံအမတ်တွေနဲ့ တွေ့ပြီးသွားပြီ ပြောတာပေါ့။ တရားဝင် မဟုတ်
ပေမယ့်လည်း နှစ်ဖက် ဆွေးနွေးဖို့ ကျွန်တော် တို့လည်း တိုက်တွန်းတာပေါ့။ သူတို့ဆီက ဆန်ဆိုလည်း တစ်တန်ကို ၈၀၀ ကျော်
လောက် ရှိတယ်။

ကျွန်တော်တို့ ဆီက ၄၀၀ လောက်နဲ့ တစ်ဝက်လောက် ၀ယ်နိုင်တော့ ၄၀၀ သက်သာ တာပေါ့။ ဘာဘဲဖြစ်ဖြစ် တရုတ်က မြန်မာ
တွေထက် စီးပွားရေး ကောင်းတော့ ရေရှည်တောင့်ခံ ထားနိုင်တာပေါ့”ဟု ၎င်းက ပြောသည်။ ထို့အပြင် တရုတ် အစိုးရ အနေဖြင့်

ပြီးခဲ့သည့်ရက်ပိုင်းများတွင် ပြည်တွင်းမှ ကုန်ပစ္စည်းများကို ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ယခုအခါဝင်ပေါက်
အားလုံးတွင် သံဆူးကြိုးများဖြင့် ပိတ်ကာလျက် ရှိပြီး ၎င်း နိုင်ငံထဲသို့ ၀င်နိုင်သည့် လမ်းများ ကိုပါ ဆိုးရွားစွာ ဖျက်ဆီးလိုက်
ကြောင်း ဦးသန်းဦးက ပြောသည်။“ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍကလည်း တရုတ်ကိုဘဲ မှီခို လွန်းအားကြီးနေတဲ့ အခါကျ
တော့ ဒုက္ခရောက်ကုန်တာပေါ့။ ဒီပုံစံအတိုင်းဆို ရောင်းသူဘဲရှိမယ်။ ၀ယ်သူ မရှိဘူး။ ၀ယ်တဲ့သူကလည်း ဈေးချပြီးဝယ်မှ ကိုရမှာ”
ဟု ၎င်းကပြောသည်။

ထို့ကြောင့် မူဆယ်နယ်စပ် ဒေသတွင် တရုတ် အစိုးရ၏ ဖမ်းဆီးမှုကြောင့် အခက်အခဲ ဖြစ်ပေါ်နေသော မြန်မာကုန်သည်များ နှင့်
တောင်သူများ နွေစပါးစိုက် တောင်သူ များ၏ အခက်အခဲ များကို ဖြေရှင်းနိုင်ရန် ဧပြီလ ၁ ရက်နေ့တွင် ဦးဆောင်မည့် အစိုးရ
သစ်ထံသို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဧပြီလ ၁ ရက်နေ့တွင် အသနားခံ စာတင်သွားမည် ဖြစ်ကြောင်း သိရသည်။

- ဝေဖြိုးအောင်

မြန်မာတောင်သူကြီးများ ဂျာနယ်

အတွဲ (၁၃) အမှတ် (၁၉၄)၊ ဧပြီ ၄ – ၁၀၊ ၂၀၁၆ ခုနှစ်

 

www.baganmart.com

www.facebook.com/baganmart

 

Follow Us