B2B Ecommerce Website များရဲ့ အားသာချက် (၅) ချက်

B2B Ecommerce Website များရဲ့ အားသာချက် (၅) ချက်

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ယနေ့ခေတ်မှာ နည်းပညာတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းရောင်းဝယ်မှုများသည်လည်း တဖြည်းဖြည်းတိုးတက်လာခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းသာ ရောင်းဝယ်ဖောက်ကားကြသော (Business To Business Website) များသည်လည်း ပိုမိုထွန်းကားလာခဲ့ပါသည်။ ယခုတစ်ပတ်မှာတော့ B2B Ecommerce Website များ အသုံးပြုခြင်းရဲ့ အားသာချက် (၅)ချက်ကို ဖော်ပြပါမည်။

၁။ ရောင်းဝယ်ရတာ ပိုမိုလွယ်ကူခြင်း

စီးပွားရေးလုပ်ငန်းရှင်များသာ ပစ်မှတ်ထားတဲ့အတွက် ဈေးနှုန်းသတ်မှတ်မှုလွယ်ကူရုံသာမက ဈေးကွက်ကို ဆွဲဆောင်ရတာလည်း ပိုမိုလွယ်ကူပါတယ်။ သတ်ဆိုင်ရာ ကုန်ပစ္စည်းများကို တွဲဖက်ရောင်းချခြင်းဖြင့် အရောင်းလည်း ပိုမိုသွက်လက်စေပါတယ်။

၂။ ရေရှည်အတွက် လုပ်ငန်းရှင်များ ယုံကြည်မှုရရှိစေခြင်း

လုပ်ငန်းရှင်အချင်းချင်း စာချုပ်များ၊ သဘောတူညီမှုများဖြင့် ရေရှည်တွဲဖက်လုပ်ဆောင်ကြခြင်းဖြင့် လုပ်ဖောက်ကိုင်ဖက်များ ပိုမိုတိုးပွားစေပါတယ်။ ထို့အပြင် ဝယ်ယူလိုသော လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းများကို ထပ်ဆောင်းပေးခြင်းဖြင့် ရေရှည်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။

၃။ လွယ်ကူစွာ ပစ်မှတ်ထားနိုင်ခြင်း

မိမိကုန်ပစ္စည်းသည် လုပ်ငန်းရှင်များသာလျင် ပစ်မှတ်ထားသည့်အတွက် လုပ်ငန်းရှင်များကို လွယ်ကူစွာရှာဖွေနိုင်ပါသည်။ Brand Awareness ပိုမိုရရှိစေသောကြောင့် Search Engine ကိုလည်း အရှိန်မြင့်တင်စေပါတယ်။

၎။ ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ခြင်း

B2B Ecommerce Website များသည် လုပ်ငန်းရှင်များအတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုများအတွက် ဝန်ဆောင်မှုများ ထပ်မံပေးနိုင်ကြပါသည်။ ထို့ကြောင့် လုပ်ငန်းရှင်များအတွက် ရောင်းဝယ်ရလွယ်ကူစေပြီး ယုံကြည်မှု ပိုမိုဖြစ်ထွန်းစေပါတယ်။

၅။ မိမိကုန်ပစ္စည်းကို ပိုမိုမြင်တွေ့နိုင်ခြင်း

မိမိသည် ကုန်ပစ္စည်းများကို Show Room ဖွင့်ပြီး ရောင်းချထားသည်ဆိုပါအံ့။ မိမိဆိုင် ပတ်ဝန်းကျင်မှ လူများသာလျင် မြင်တွေ့နိုင်ပေမည်။ B2B Ecommerce Website များတွင် မိမိလုပ်ငန်းသုံးကုန်ပစ္စည်းများကို ရောင်းချထားပါက ၂၄နာရီ ၃၆၅ရက်ပတ်လုံး လူအများမြင်တွေ့နိုင်ပါသည်။

www.baganmart.com

လုပ်ငန်းရှင်များ ရောင်းဝယ်ရာ

Follow Us