Agricultural Machinery ငှားရမ်းခ ဈေးလျှော့မပေးပါက တိုင်ကြ

မန္တလေးတိုင်းရှိ တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာများ ငှားရမ်းထွန်ယက်အသုံးပြုခကို ဈေးနှုန်းလျှော့ချပေးထားပြီး ဖြစ်သော်လည်း ၀န်ထမ်းများက ယခင်နှုန်းထားအတိုင်း ကောက်ယူပါက တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

၂၀၁၆ မေလ ၁ ရက်မှစ၍ လယ်ယာထွန်ယက်ခနှုန်းထားများနှင့် ဌာနရှိ အိန္ဒိယနှင့် ဂျပန်နိုင်ငံထုတ် ထွန်စက်နှင့် လယ်ယာသုံးစက်ကိရိယာများကို ပုဂ္ဂလိကငှားရမ်းမှုများထက် ဈေးနှုန်းသက်သာအောင် လျှော့ချပေးထားကြောင်း  ယင်းဌာန တိုင်းဦးစီးမှူး  ဦးအောင်ကျော်ကျော်က   ပြောသည်။

‘‘အရင်ကတော့ ဌာနမှာ ထွန်စက်တွေက အဟောင်းတွေပဲရှိခဲ့ တယ်။ အခု ၂၀၁၄ နောက်ပိုင်း ဌာနက စက်သစ်တွေ ၀ယ်ထားပြီး ငှားရမ်းခတွေ တရားဝင်လျှော့ချ ပေးထားတယ်။ အခုဓာတ်ဆီ၊ ဒီ ဇယ်ဈေးတွေလည်း ကျဆင်းတဲ့အ တွက် လယ်ယာသုံးစက်ငှားရမ်းခ ကိုလည်း ဈေးနှုန်းလျှော့ချတဲ့အ တိုင်း ၀န်ထမ်းတွေမကောက်ခံရင် ဦးတို့ဌာနကို ဆက်သွယ်ပြီး လာ ရောက်တိုင်ကြားနိုင်ပါတယ်’’ဟု ဦးအောင်ကျော်ကျော်က ပြော သည်။လက်ရှိတွင် စက်ကိရိယာ များငှားရမ်းအသုံးပြုခကို သုံးသွားထယ်၊ လေးသွားထယ်၊ ခုနစ်သွားထယ်များနှင့် ရိုတာဗစ်တာ (လယ်ထွန်စက်)တစ်ဧကလွှာလျှင် ယခင် ၁၅,၀၀၀ ကျပ်မှ ယခု ၁၃,၀၀၀ ကျပ်၊ ကူဘိုတာ (စပါး ရိတ်သိမ်းခြွေလှေ့စက်) တစ်ဧက လျှင် ယခင် ၄၀,၀၀၀ ကျပ်မှ ယခု၃၅,၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ လယ်ထွန်စက်ဖြင့် တစ်ဧကလွှာ လျှင် ယခင် ၇,၅၀၀ ကျပ်မှ ယခု ၆,၅၀၀ ကျပ်ဖြင့် လည်းကောင်း အသီးသီး ဈေးနှုန်းလျှော့ချထားကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

‘‘အခုနောက်ပိုင်းက လယ် တွေ စပါးစိုက်တဲ့အခါမှာ ပျိုးကြဲ၊ စပါးသိမ်း၊ ဆေးဖျန်းတဲ့အချိန်ပဲ အလုပ်သမားသုံးရတယ်။ လယ် ယာအလုပ်သမားတွေ ရှားပါးလာ တာလည်း ပါတယ်။ တော်တော် များများက စက်ကိုပဲ အဓိကအား ထားနေရတော့ လယ်သမားတွေ စပါးစိုက်ပျိုးတဲ့အချိန်မီကို ဌာနက စက်ငှားရမ်းတာ အလွယ်တကူ ဖြစ်ပြီး အချိန်မြန်စေချင်တယ်။ ဈေးနှုန်းတွေက သိပ်မကွာပေမယ့် ကုမ္ပဏီတွေက လိုတဲ့အချိန်ငှား ရင် ချက်ချင်းရပါတယ်’’ဟု ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အုပ် စုရှိ စပါးအများဆုံးစိုက်ပျိုးသည့် တောင်သူ ဦးမျိုးသန့်က အကြံပြု သည်။ထို့ပြင် ရက် ၁၀၀ စီမံချက် အရ တောင်သူများ အများဆုံး အသုံးပြုသည့် တန်ဖိုးကျပ် ၁၅ သိန်းခန့်ရှိသော လက်တွန်းလယ် ထွန်စက် ၁၀၅ စီးကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ထို့ပြင် ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံနှင့် ကျောက်ပန်း တောင်းမြို့များတွင် လယ်ယာသုံး စက်ကိရိယာများ မောင်းနှင်အသုံး ပြုတတ်စေရန် သင်တန်း လေးကြိမ်ဖွင့်လှစ်မည်ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

 

credit: 7 Day Daily

www.baganmart.com

www.facebook.com/baganmart

Follow Us