အ​လုပ်​သစ်​ရဲ့ ​ပ​ထ​မ​ဆုံး​နေ့​ရက်​တွ

အ​လုပ်​သစ်​ရဲ့ ​ပ​ထ​မ​ဆုံး​နေ့​ရက်​တွင် ​ရင်​ခုန်​သံ​မှန်​စေ​ချင်

 

ကျ​နော်​တို့​အား​လုံး​ဟာ ​ဘွဲ့​ရ​ကျောင်း ​ဆင်း​ကာ​စ​မှာ​ပဲ​ဖြစ်​ဖြစ်၊ ​ဒီ​အ​လုပ်​က​နေ ​နောက်​အ​လုပ်​ပြောင်း​တဲ့​အ​ချိန်​မှာ​ပဲ ​ဖြစ်​ဖြစ် ​အ​လုပ်​နေ​ရာ​အ​သစ်​တစ်​ခု​ကို ​မ​ဖြစ်​မ​နေ​ရောက်​ကြ​ရ​ပါ​တယ်။ ​အ​လုပ်​အ ​သစ်​မှာ ​ဘယ်​နေ​ရာ​ကို​ပဲ​ကြည့်​ကြ​ည့်​အား ​လုံး​ဟာ ​ကိုယ်​နဲ့​မ​သိ​သေး​တဲ့ ​သူ​စိမ်း​တွေ ​ချည်း​ပါ​ပဲ။

ဒီ​တော့ ​လူ​တွေ​တွေ့​လျှင် ​လိုက်​ပြုံး​ပြ ​လိုက်၊ ​မျက်​နှာ​ငယ်​လေး​နဲ့ ​ဟို​ကြ​ည့်၊ ​ဒီ​ကြည့်​လုပ်​လိုက်၊ ​စာ​ရွက်​စာ​တမ်း​တွေ ​ဟို​ဒီ​လှန်​လှော​ကြည့်​လိုက်​နဲ့ ​ယောင်​ချာ​ချာ ​ဖြစ်​နေ​ရ​ပါ​တယ်။ ​ဒါ​ဟာ ​အ​လုပ်​သစ် ​စ​ဝင် ​ဝင်​ချင်း​နေ့​ရက်​တစ်​ခု​ရဲ့ ​ရင်​ခုန်​သံ​စစ်​စစ်​တွေ ​ပါ​ပဲ။

ဒီ​လို​ဖ​ရို​ဖ​ရဲ​ရင်​ခုန်​သံ​တွေ​နဲ့​တော့ ​သင့်​ရဲ့ ​အ​လုပ်​သစ်​ရဲ့​ပ​ထ​မ​ဆုံး​နေ့​ရက်​ကို ​ကျော်​ဖြတ်​ရ​မယ်​ဆို​လျှင် ​စိတ်​က​သိ​က ​အောက်​ဖြစ်​စ​ရာ​ကောင်း​ပါ​တယ်။

ဒီ​တော့ ​အ​လုပ်​သစ်​ရဲ့​ပ​ထ​မ​ဆုံး​နေ့​ကို ​ရင်​ခုန်​စိတ်​လှုပ်​ရှား​စွာ​နဲ့ ​မ​ဟုတ်​ဘဲ ​စ​မတ် ​ကျ​ကျ​ဖြတ်​ကျော်​နိုင်​စေ​မယ့်​နည်း​လမ်း ​ကောင်း​လေး​တ​ချို့​ကို ​ပြော​ပြ​ချင်​ပါ​တယ်။ 

(၁) ​အ​ဝတ်​အ​စား​ကို ​စ​မတ်​ကျ​ကျ ​ဝတ်စား​ဆင်​ယင်​သွား​ပါ

‘‘​တောင်း​မှာ​အ​ကွပ် ​လူ​မှာ​အ​ဝတ်’’ ​ဆို​တဲ့​စ​ကား​ပုံ​လို​ပါ​ပဲ။ ​အ​များ​အ​မြင်​မှာ ​ကြည့်​ရှု​လို့ ​ကောင်း​အောင် ​ဝတ်​စား​ဆင် ​ယင်​တတ်​တာ​က​လည်း ​အ​ရည်​အ​ချင်း ​ကောင်း​တစ်​ခု​ပဲ​ဖြစ်​ပါ​တယ်။

ဒီ​တော့ ​အ​လုပ်​သစ်​ကို​စ​ဝင်​မယ့် ​သ​င့် ​ရဲ့​ပ​ထ​မ​ဆုံး​နေ့​ရက်​မှာ ​အ​ဝတ်​အ​စား​ကို ​သပ်​သပ်​ရပ်​ရပ်​သန့်​သန့်​ရှင်း​ရှင်း​နဲ့ ​စ​မတ် ​ကျ​ကျ​ဝတ်​စား​ဆင်​ယင်​သွား​ဖို့ ​လို​ပါ​တယ်။ ​တ​ချို့​အ​လုပ်​တွေ​က ​ယူ​နီ​ဖောင်း​ပေး​တတ် ​ပေ​မဲ့ ​တ​ချို့​အ​လုပ်​တွေ​က​တော့ ​ယူ​နီ ​ဖောင်း​မ​ပေး​တတ်​ကြ​ပါ​ဘူး။ ​ဘယ်​လို​ပဲ ​ဖြစ်​ဖြစ် ​ယူ​နီ​ဖောင်း​ပေး​လျှင်​လည်း​ပေး​တဲ့ ​ယူ​နီ​ဖောင်း​ကို ​အ​သေ​အ​ချာ​နဲ့ ​သပ် ​သပ်​ရပ်​ရပ် ​ဝတ်​စား​တတ်​ဖို့​အ​ရေး​ကြီး​သ​လို ​ယူ​နီ​ဖောင်း​မ​ပေး​လျှင်​လဲ ​လုပ်​ရ​မယ့်​အ​လုပ် ​နဲ့ ​ဘယ်​လို​အ​ဝတ်​အ​စား​မျိုး​ကို ​ရွေး​ချယ် ​ဝတ်​ဆင်​ရ​မ​လဲ​ဆို​တာ​ကို ​စဉ်း​စား​ဆုံး​ဖြတ် ​ပြီး ​သပ်​ရပ်​သန့်​ရှင်း​စွာ ​ဝတ်​ဆင်​သွား​သင့် ​ပါ​တယ်။

ဒါ့​အ​ပြင် ​ခေါင်း​ကို​သေ​သေ​သပ်​သပ် ​ဖြီး​လိမ်း​တာ၊ျွ​သူ ​သ​ည ​လိမ်း​တာ​စ​တဲ့ ​တစ် ​ကိုယ်​ရေ​သန့်​ရှင်း​မှု​နဲ့ ​သက်​ဆိုင်​တဲ့ ​အ​ရာ ​တွေ​ကို​လည်း ​မ​မေ့​မ​လျော့​လုပ်​ဖို့ ​လို​ပါ ​တယ်။ ​တစ်​ကိုယ်​ရေ ​သန့်​ရှင်း​မှု​တွေ​နဲ့ ​အ​လုပ်​ကို​လာ​ရ​တဲ့ ​အ​တွက်​သင့်​ကိုယ်​သင် ​လည်း ​ယုံ​ကြည်​မှု ​တွေ​ပြည့်ဝ​နေ​ပါ​လိမ့် ​မယ်။

(၂) ​အ​လုပ်​ချိန်​နောက်​မ​ကျ​ပါ​စေ​နဲ့

ဒီ​အ​ချက်​က ​အ​လုပ်​သစ်​မှာ ​ပ​ထ​မ ​ဆုံး​စ​ဝင်​မ​ယ့်​သူ​တစ်​ယောက်​အ​တွက် ​မ​ဖြစ် ​မ​နေ​လိုက်​နာ​ရ​မ​ယ့် ​ဒု​တိ​ယ​အ​ရေး​ကြီး​တဲ့ ​အ​ချက်​တစ်​ချက်​လည်း ​ဖြစ်​ပါ​တယ်။

အ​လုပ်​ဝင်​ရ​မယ့်​နေ​ရာ​ဟာ ​ဘယ် ​လောက်​ပဲ​ဝေး​ဝေး​နီး​နီး ​အ​နည်း​ဆုံး​တော့ ​အ​လုပ်​ချိန်​ထက် ​နာ​ရီ​ဝက်​လောက် ​စော ​ကြို​ရောက်​သင့်​ပါ​တယ်။ ​ဒီ​နေ​ရာ​မှာ ​အ​လုပ်​ဌာ​န​ရဲ့ ​တံ​ခါး​ဖွင့်​မှာ ​မ​ဟုတ်​သေး​ပါ ​ဘူး​လို့​ဆို​ပြီး ​လက်​လွတ်​စ​ပယ်​အ​တွေး​မျိုး ​မ​တွေး​မိ​ပါ​စေ​နဲ့။ ​တံ​ခါး​ဖွ​င့်​တာ ​မ​ဖွင့်​သေး ​တာ​ထက်​အ​လုပ်​ချိန်​အ​မီ ​သင်​အ​လုပ် ​ရှေ့​ကို​ရောက်​နေ​တာ​က​ပို​ကောင်း​ပါ​တယ်။

နောက်​တစ်​ချက်​က​တော့ ​သင့်​ရဲ့ ​အ​လုပ်​စ​ဆင်း​တဲ့​ပ​ထ​မ​ဆုံး​နေ့​ရက်​မှာ​အ ​လုပ်​ချိန်​နောက်​ကျ​ခဲ့​မယ်၊ ​အ​လုပ်​ချိန်​မီ ​အောင် ​မ​နည်း​ကြိုး​စား​လာ​ရ​တယ်​ဆို​လျှင် ​လုပ်​ငန်း​ရှင်​အ​နေ​နဲ့ ​သင့်​အ​ပေါ်​အ​မြင် ​စောင်း​သွား​နိုင်​တာ​ပါ​ပဲ။

ဒီ​တော့ ​သင့်​အ​လုပ်​သစ်​ရဲ့ ​ပ​ထ​မ ​ဆုံး​နေ့​ရက်​ကို ​စ​မတ်​ကျ​ကျ​နဲ့ ​ရင်​ခုန်​သံ​မှန် ​စွာ ​ဖြတ်​သန်း​ချင်​တယ်​ဆို​လျှင်​အ​လုပ်​ခွင် ​ထဲ​ကို ​အ​လုပ်​ချိန်​ထက်​ပို​စော​ရောက် ​အောင်​ကြိုး​စား​ပြီး​သွား​သင့်​တဲ့​အ​ကြောင်း ​တိုက်​တွန်း​လိုက်​ပါ​တယ်။

(၃) ​လုပ်​ဖော်​ကိုင်​ဖက်​တွေ​နဲ့ ​အ​ပြန်​အလှန်​မိတ်​ဆက်​ပါ

အ​လုပ်​စ​ဝင်​တဲ့​ရက်​ဆို​တာ ​ဌာ​န​မှာ ​သင့်​ကို​သိ​တဲ့​လူ​တစ်​ယောက်​မှ ​မ​ရှိ​သေး​တဲ့ ​နေ့​ရက်​တစ်​ခု​လည်း ​ဖြစ်​ပါ ​တယ်။ ​ဒီ​တော့ ​ပ​ထ​မ​ဆုံး​သင်​လုပ်​ရ​မှာ​က ​သင့်​ကိုယ်​သင် ​မိတ်​ဆက်​ဖို့​ပါ​ပဲ။

တ​ချို့ ​နေ​ရာ​တွေ​မှာ​တော့ ​အင်​တာ ​ဗျူး​တဲ့​နေ​ရာ ​သီး​သန့်​မ​ရှိ​တာ​ကြောင့်​ရုံး​ခန်း ​ထဲ​သော်​လည်း​ကောင်း၊ ​အ​ခြား​အ​ဆင် ​ပြေ​တဲ့​နေ​ရာ​တစ်​ခု​ခု​မှာ ​သော်​လည်း ​ကောင်း ​အင်​တာ​ဗျူး ​တတ်​ကြ​တာ​ဖြစ်​လို့ ​ရုံး​က ​လူ​တွေ​နဲ့ ​မျက်​မှန်း ​တန်း​မိ​နေ​တာ​ဖြစ် ​ပြီး ​အ​လုပ်​စ​ဆင်း​တဲ့​နေ့​မှာ ​သင့်​ကိုယ်​သင် ​မိတ်​ဆက်​ကာ ​လို​အပ်​တဲ့​အ​ကူ​အ​ညီ​ကို ​တောင်း​ခံ​နိုင်​ပါ​တယ်။

သင်​တာ​ဝန်​ယူ​လုပ်​ကိုင်​ရ​မယ့်​နေ​ရာ ​ကို ​ရောက်​လျှင်​လည်း ​သင့်​အ​မည်​နာ​မ​က ​ဘယ်​သူ​ပါ၊ ​ဘယ်​နေ့ ​အင်​တာ​ဗျူး​တုန်း ​က ​အ​လုပ်​ခန့်​လိုက်​တာ​ပါ၊ ​ဒီ​မှာ​ဘယ်​တာ ​ဝန်​ကို​ယူ​ရ​မှာ​ပါ ​စ​သ​ဖြင့် ​မိတ်​ဆက်​သ​င့်​ပါ ​တယ်။ ​ဖြစ်​နိုင်​လျှင် ​တစ်​ယောက်​ချင်း​စီ​ကို ​လိုက်​လံ​မိတ်​ဆက်​တာ​က ​ပို​ကောင်း​ပါ ​တယ်။ ​သင့်​ကို ​တစ်​စုံ​တစ်​ယောက်​က ​လိုက်​လံ​မိတ်​ဆက်​ပေး​တယ်​ဆို​လျှင်​လည်း ​ရှိ​နှင့်​နေ​ပြီး​သား​လူ​တွေ​ရဲ့ ​တစ်​ယောက်​ချင်း ​စီ​ရဲ့ ​နာ​မည်​နဲ့ ​တာ​ဝန်​ယူ​ထား​တဲ့ ​ရာ​ထူး​ကို ​ပြော​ပြ​ပေး​မှာ ​ဖြစ်​ပြီး ​အ​သေ​အ​ချာ ​မှတ် ​သား​ထား​သင့်​ပါ​တယ်။

ဒီ​လို​မျိုး​အ​လုပ်​သစ်​ရဲ့ ​ပ​ထ​မ​ဆုံး​နေ့ ​ရက်​မှာ ​ရှိ​နှင့်​နေ​ပြီး​သား​လူ​တွေ​နဲ့ ​အ​ပြန် ​အ​လှန်​မိတ်​ဆက်​ကြ​ပြီး​တဲ့​နောက်​သ​င့်​စိတ် ​ထဲ​မှာ ​အ​ဖွဲ့​ဝင်​တစ်​ယောက်​အ​ဖြစ် ​သူ​တို့နဲ့ ​တစ်​သား​တည်း​ဖြစ်​သွား​သ​လို​ခံ​စား​ရ​မှာ ​ပဲ​ဖြစ်​ပါ​တယ်။ ​ဒါ​ဆို​လျှင်​ရှေ့​ဆက်​လုပ်​ရ​မယ့် ​လုပ်​ငန်း​တွေ​ကို ​ဆက်​လုပ်​ဖို့​အ​တွက်​လည်း ​သ​င့်​ကိုယ်​သင်​ယုံ​ကြည်​မှု​ပို​ရှိ​သွား​မှာ ​ဖြစ်​ပါ ​တယ်။

(၄) ​သင့်​ရဲ့ ​အ​သင်း​အ​ဖွဲ့​စွမ်း​ရည်​ကို ​ပြ​သ​ပါ

အ​လုပ်​ထဲ​ရောက်​ပြီ​ဆို​လျှင်​တော့ ​လုပ်​ငန်း​တာ​ဝန်​တွေ​ကို ​သင်​တစ်​ယောက် ​တည်း ​အား​လုံး​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​တာ ​မ​ဟုတ်​ပါ​ဘူး။ ​သင်​နဲ့​ကိုက်​ညီ​သင့်​တော် ​မယ့်​နေ​ရာ ​ကို ​နေ​ရာ​ချ​ထား​ပေး​မှာ​ဖြစ်​ပြီး ​အဲ​ဒီ​ဌာ​န​မှာ​ရှိ​နှင့်​နေ​ပြီး​သား​လူ​တွေ​နဲ့ ​လုပ်​ငန်း​ဆောင် ​တာ​တွေ​ကို ​လက်​တွဲ​ပြီး ​တာ​ဝန်​ထမ်း​ဆောင် ​ရ​မှာ​ဖြစ်​ပါ​တယ်။

ဒီ​တော့ ​သင်​ရ​လာ​တဲ့​နေ​ရာ​မှာ ​သင် ​ပါ​ဝင်​ထား​တဲ့​အ​စု​အ​ဖွဲ့​နဲ့ ​လက်​တွဲ​ညီ​ညီ ​ဆောင်​ရွက်​ပြီး ​လုပ်​ငန်း​မှာ ​အ​ရေး​ပါ​တဲ့ ​အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ပါ​ဝင်​လာ​အောင် ​ကြိုး​စား​ရ​မှာ​လည်း ​ဖြစ်​ပါ​တယ်။ ​ပေး​အပ် ​တဲ့​တာ​ဝန်​ကို ​ကျေ​ပွန်​စွာ ​ထမ်း​ဆောင်​နိုင် ​ဖို့​အ​တွက် ​ကြိုး​စား​ရ​မှာ​ဖြစ်​ပြီး ​ကြုံ​တွေ့​လာ ​မယ့်​အ​ခက်​အ​ခဲ​တွေ ​ပြ​ဿ​နာ​ရပ်​တွေ​ကို  ​စု​ပေါင်း​အား​နဲ့ ​ရင်​ဆိုင်​ဖြေ​ရှင်း​မယ့်​စိတ် ​ဓာတ်​ကို ​မွေး​မြူ​ဖို့ ​လို​အပ်​ပါ​တယ်။

ဒီ​နေ​ရာ​မှာ​လည်း ​လုပ်​ဖော်​ကိုင်​ဖက် ​တွေ​နဲ့ ​အ​ဆင်​ပြေ​ပြေ​ဆက်​ဆံ​နိုင်​ဖို့၊ ​လုပ် ​ငန်း​စဉ်​အ​ဆင့်​ဆင့်​တိုင်း​မှာ ​အ​ချင်း​ချင်း ​timing​ကိုက်​ဖို့၊Link ​တွေ​မ​ပျက်​ဖို့၊ ​ကိုယ်​တာ​ဝန်​ယူ​ထား​ရ​တဲ့​အ​ပိုင်း​ကို ​တာ​ဝန် ​ကျေ​စွာ ​လုပ်​ဆောင်​နိုင်​ဖို့​စ​တဲ့​အ​ချက်​တွေ ​လို​အပ်​ပါ​တယ်။

ဒါ​ကြောင့် ​လုပ်​ငန်း​ခွင်​အ​သစ်​ရဲ့ ​ပ​ထ​မ​ဆုံး​နေ့​ရက်​ကို ​သင့်​မှာ​ရှိ​တဲ့ ​အ​သင်း ​အ​ဖွဲ့​စွမ်း​ရည်​ကို ​ပြ​သ​ပြီး ​ပုံ​ရိပ်​ကို ​မြှင့်​တင် ​လိုက်​ပါ​လို့ ​အ​ကြံ​ပြု​လိုက်​ပါ​တယ်။

(၅) ​မ​သိ​တာ​တွေ​ကို ​မေး​ပါ

သင့်​ဘက်​က ​လုပ်​ငန်း​အ​တွေ့​အ​ကြုံ​ရှိ ​သည်​ပဲ​ဖြစ်​စေ၊ ​မ​ရှိ​သည်​ပဲ​ဖြစ်​စေ ​အ​သစ် ​တစ်​နေ​ရာ​ရောက်​လျှင်​တော့ ​ကု​မ္ပ​ဏီ​ရဲ့ ​စည်း​မျဉ်း​စည်း​ကမ်း၊ ​လုပ်​ငန်း​လမ်း​စဉ်​နဲ့ ​ပတ်​သက်​ပြီး​သင့်​အ​နေ​နဲ့ ​မ​သိ​နိုင်​သေး​ပါ ​ဘူး။

ဒီ​တော့​မ​သိ​တာ​ရှိ​လျှင် ​သိ​နိုင်​မယ် ​ထင်​တဲ့ ​သက်​ဆိုင်​တဲ့​သူ​တွေ​ကို​လည်း ​အ​သေ​အ​ချာ ​စွဲ​မှတ်​ထား​သင့်​ပါ​တယ်။ ​ဘာ​ဖြစ်​လို့​လဲ​ဆို​တော့​တ​ချို့​က ​တစ်​ခါ​က ​နှစ်​ခါ​ဖြစ်​လာ​လျှင် ​စိတ်​မ​ရှည်​တတ်​ကြ​လို့​ပါ ​ပဲ။

ဒီ​လို​မျိုး​မ​သိ​တာ​ကို ​မေး​မြန်း​လိုက်​တဲ့ ​အ​ခါ ​သင်​လုပ်​စ​ရာ​ရှိ​တာ​ကို ​စမ်း​တ​ဝါး​ဝါး ​နဲ့ ​မ​ဟုတ်​ဘဲ ​အ​ဆင်​ပြေ​ပြေ​လုပ်​နိုင်​လာ​ပါ ​လိမ့်​မယ်။ ​ဒီ​တော့​အ​မှား​တွေ​မ​ဖြစ်​နိုင်​တော့  ​ပါ​ဘူး။ ​ဒါ့​အ​ပြင် ​ယူ​တတ်​ရင်​ပ​ညာ​ရ ​တယ်​ဆို​သ​လို ​လုပ်​ရိုး​လုပ်​စဉ်​တွေ ​စည်း ​မျဉ်း​စည်း​ကမ်း​တွေ၊ ​လူ​ကြီး​တွေ​နဲ့ ​အ​ဝင်​အ ​ထွက်​အ​ခြေ​အ​နေ​တွေ ​စ​တဲ့​အ​ချက်​တွေ​ကို ​မှတ်​သား​ထား​သင့်​ပါ​တယ်။ ​ဒီ​လို​မှတ်​သား ​ရာ​မှာ ​မ​ကောင်း​တဲ့​အ​ချက်​တွေ​ရော ​ကောင်း​တဲ့​အ​ချက်​တွေ​ကို​ပါ ​မေ့​မ​ပစ်​သင့်​ပါ ​ဘူး။

ဒါ​မှ​သာ ​မ​ကောင်း​တဲ့​အ​ချက်​တွေ​ကို ​ဘယ်​လို​ကောင်း​အောင်​လုပ်​မယ်၊ ​ကောင်း ​တဲ့​အ​ချက်​တွေ​ကို​လည်း ​ဘယ်​လို​ပို​ကောင်း ​အောင်​လုပ်​မယ် ​စ​သ​ဖြင့် ​ထပ်​ဆင့်​အ​တွေး ​ကောင်း​တွေ​ကို ​တွေး​မိ​လာ​မှာ​ဖြစ်​ပါ​တယ်။

(၆) ​ဘာ​ကူ​ညီ​ပေး​ရ​မ​လဲ ​မေး​ပါ

အ​လုပ်​သစ်​စ​ဝင်​တဲ့ ​ဝန်​ထမ်း​အ​သစ် ​တစ်​ယောက်​အ​နေ​နဲ့ ​အ​မှတ်​တွေ​အ​မြန် ​ပြည့်​နိုင်​မယ့် ​နောက်​ထပ်​နည်း​လမ်း​တစ်​ခု ​က​တော့ ​လုပ်​ဖော်​ကိုင်​ဖက်​တွေ​ကို ​အ​ကူ ​အ​ညီ​ပေး​ခြင်း​ပါ​ပဲ။

တ​ချို့​တွေ​က ​အ​လုပ်​တွေ​အ​ရမ်း​များ ​နေ​လို့ ​အ​လုပ်​မ​နိုင်​မ​နင်း​ဖြစ်​နေ​တာ​ရှိ​သ​လို ​တ​ချို့​က​လည်း ​အ​လုပ်​လုပ်​ရ​တာ​ပျင်း​လို့ ​ပုံ​နေ​တဲ့​အ​လုပ်​တွေ​ရှိ​ပါ​တယ်။ ​ဒါ​ကို ​သင့် ​ဖက်​က ​ခွဲ​ခြား​မြင်​တတ်​ဖို့​လို​ပြီး ​တစ်​ဖက်​က ​လည်း ​အ​ပန်း​မ​ကြီး​ဘူး​ဆို​လျှင်​တော့ ​တတ် ​နိုင်​သ​လောက်​ကူ​ညီ​ဆောင်​ရွက်​ပေး​လိုက်​ပါ။

ဒီ​လို​လုပ်​ပေး​လိုက်​ရ​လို့ ​သင့်​အ​တွက် ​အ​ကျိုး​မ​ယုတ်​သွား​နိုင်​သ​လို ​တူ​ညီ​တဲ့​တန် ​ပြန်​သက်​ရောက်​မှု​တွေ ​သင့်​ထံ​ပြန်​ရောက် ​လာ​ပါ​လိမ့်​မယ်။ ​ဒါ​ကြောင့် ​အ​လုပ်​သစ်​ရဲ့ ​ပ​ထ​မ​ဆုံး​နေ့​ရက်​တစ်​ခု​မှာ ​အ​ဆင်​ပြေ​ချင် ​တယ်​ဆို​လျှင်​တော့ ​အ​မှန်​တ​ကယ်​လို​အပ် ​နေ​တဲ့ ​လုပ်​ဖော်​ကိုင်​ဖက်​သူ​ငယ်​ချင်း​တွေ ​ကို ​ဘာ​များ​ကူ​ညီ​ပေး​ရ​မ​လဲ​ဆို​တဲ့ ​စ​ကား ​လေး​ပြော​ပေး​ပါ​လို့ ​အ​ကြံ​ပြု​လို​ပါ​တယ်။

(၇)​မှတ်​စု​ရေး​ပါ

နှုတ်​တစ်​ရာ ​စာ​တစ်​လုံး​ဆို​တဲ့ ​စ​ကား ​လို​ပါ​ပဲ။ ​ကိ​စ္စ​ရပ်​တွေ​အ​ကုန်​လုံး​ကို ​သင့်​ဦး ​နှောက်​က ​အ​မြဲ​တမ်း​မှတ်​မိ​နေ​ဖို့ ​မ​လွယ်​ကူ ​ပါ​ဘူး။ ​ဒါ​ကြော​င့်​မှတ်​စု​ပြု​စု​တဲ့​အ​ကျင့်​ကို ​လုပ်​သင့်​ပါ​တယ်။

အ​လုပ်​သစ်​စ​ဝင်​တဲ့​ရက်​မှာ ​သင့်​ကို ​စမ်း​သပ်​တဲ့​အ​နေ​နဲ့​အ​လုပ်​တ​ချို့​ခိုင်း​တာ​ပဲ ​ဖြစ်​ဖြစ်၊ ​ကု​မ္ပ​ဏီ​ရဲ့ ​စည်း​မျဉ်း​စည်း​ကမ်း​တွေ ​ပြော​ပြ​တာ​ပဲ​ဖြစ်​ဖြစ်​လုပ်​ပါ​လိမ့်​မယ်။ ​ဒီ​လို ​အ​ချိန်​မှာ ​စာ​အုပ်​ထဲ​မှာ​လိုက်​ပြီး​ရေး ​မှတ် ​ထား​တာ​က ​သင့်​အ​တွက်​ပို​ပြီး ​အ​ဆင်​ပြေ ​မှာ​ဖြစ်​သ​လို ​သင်​လို​အပ်​တယ်​ဆိုင်​လျှင် ​လည်း ​အ​ချိန်​မ​ရွေး​ပြန်​လည်​ကြ​ည့်​ရှု​နိုင်​မှာ ​လည်း​ဖြစ်​ပါ​တယ်။

(၈) ​ကို​ယ့်​အား​ကိုယ်​ကိုး​ပြီး ​လုပ်​ဆောင်​ပါ

အ​လုပ်​စ​ဝင်​တဲ့​ရက်​မှာ ​သင့်​ကို​တာ​ဝန် ​ကြီး​ကြီး​ပေး​တာ​မျိုး​မ​လုပ်​တတ်​ကြ​ပါ​ဘူး။ ​ပေါ့​ပေါ့​ပါး​ပါး​အ​လုပ်​တွေ​ကို​သာ ​လုပ်​ခိုင်း ​မှာ​ဖြစ်​ပြီး ​သင့်​အ​နေ​နဲ့ ​ဒီ​တာ​ဝန်​တွေ​ကို ​ကိုယ်​ပိုင်​အ​ရည်​အ​သွေး​နဲ့ ​လုပ်​ဆောင်​နိုင် ​ဖို့​လို​ပါ​တယ်။

ခိုင်း​တဲ့​အ​လုပ်​တွေ​ကို ​သ​ဘော​မ ​ပေါက် ​နား​မ​လည်​တာ​ရှိ​လျှင် ​ချက်​ချင်း​ပြန် ​မေး​ဖို့​လို​ပြီး ​စမ်း​တ​ဝါး​ဝါး​ဖြစ်​နေ​တာ​က ​သ​င့်​ပုံ​ရိပ်​ကို ​ကျ​ဆင်း​စေ​ပါ​တယ်။

ဒါ​ကြောင့် ​အ​လုပ်​စ​ဆင်း​တဲ့​ရက်​မှာ ​သင့်​ကို​ခိုင်း​လိုက်​တဲ့ ​တာ​ဝန်​ကို ​ကိုယ့်​အား ​ကိုယ်​ကိုး​ပြီး ​ဖျတ်​လတ်​တက်ြွ​က​မှု​အ​ပြည့် ​နဲ့ ​ဆောင်​ရွက်​ဖို့​လို​တဲ့​အ​ကြောင်း​လည်း ​ထည့်​သွင်း​မှာ​ကြား​လိုက်​ရ​ပါ​တယ်။

(၉) ​တစ်​နေ​ကုန်​အ​လုပ်​ဆင်း​ပါ

အ​&#

Follow Us