သင့်လုပ်ငန်းအတွက် Email Marketing ....

Email Marketing ဆိုတာက လုပ်ငန်းအကြောင်းကို ထည့်သွင်းရေးသားထားတဲ့ Email ကနေ တစ်ဆင့် ကိုယ့်ရဲ့ Customer တွေဆီကို တိုက်ရိုက်ပို့ခြင်းကို ခေါ်ပါတယ်။ Email ထဲမှာ လုပ်ငန်းအကြောင်း အသေးစိတ်ရေးမယ်၊ Promotion တွေ ကြော်ငြာမယ်၊ Brand Awareness ရအောင် လုပ်မယ်စသဖြင့်ပေါ့။ ယနေ့နည်းပညာတိုးတက်လာသည်နှင့်အမျှ Digital Marketer သမားတွေဟာ Email Marketing ကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ Traditional Marketing လို Billboard ထောင်ရတာတို့၊ လက်ကမ်းစာစောင် ဖြန့်ရတာတို့လို ငွေကြေးအကုန်အကျမများပါဘူး။ Email Marketing လုပ်တယ်ဆိုတာက Email တစ်စောင်ချင်းဆီ ပို့နေခြင်းမဟုတ်ပါဘူး။ Exact Target ၊ Litmus ၊ Reach Mail ၊ Target Hero ၊ Mad Mimi GetResponse ၊ Zoho ၊ ToutApp ၊ LeadPages ၊ YesWare တို့လို Email Marketing Tool တွေကနေ ပို့တာပါ။

 

ကိုယ် Marketing လုပ်မယ့် Email တွေကိုတော့ ကိုယ့်ဝက်ဘ်ဆိုက် ၊ ဘလော့တို့မှာ Subcribe လုပ်ထားတဲ့ Subcriber Email တွေကို ပို့ရမှာပါ။ ကိုယ့်မှာ Subcriber Email ကနည်းနေသေးရင်တော့ ကိုယ်နဲ့လုပ်ငန်းချင်း သဘောသဘာဝတူတဲ့ ဝက်ဘ်ဆိုက်တွေကနေ Email Exchange လုပ်လို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း Email တွေကို ဝယ်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေ အများအပြားပေါ်နေပါပြီ။

 

Email Marketing ဟာဆိုရင် အကုန်အကျလည်း သက်သာသလို လုပ်ငန်းအတွက်လည်း ထိရောက်မှုပိုရှိပါတယ်။ E-Commerce ဝက်ဘ်ဆိုက်များအတွက်ဆိုရင် Email Title ကို ဆွဲဆောင်မှုအပြည့်နဲ့ရေးပြီး Email Marketing လုပ်ရင် ဝက်ဘ်ဆိုက် Traffic ကို သိသိသာသာတိုးတက်စေပါတယ်။ ဒါ့အပြင် Promotion တွေရှိတယ်၊ Campaign တွေရှိတယ်၊ Special Event တွေရှိတယ်ဆိုရင်လည်း Email Marketing ကနေ ထည့်သွင်းရေးသားမယ်ဆိုရင် သိသိသာသာ တိုးတက်စေပါတယ်။ ထို့ကြောင့်လည်း E-Commerce ဝက်ဘ်ဆိုက်အများစုဟာ Email Marketing ကို တစ်ပတ်လျင် နှစ်ကြိမ်ကနေ သုံးကြိမ်အထိ Subcriber တွေဆီ ပို့နေကြတာပဲဖြစ်ပါတယ်။

 

 Email Marketing ရဲ့ အားနည်းချက်က Subcriber Email တိုင်းကိုပို့နေတဲ့အတွက် Marketing Segmentation ကိုတော့ အထောက်အကူမပြုပါဘူး။ တစ်နေ့တစ်ကြိမ် Email ဖွင့်ကြည့်သူ နည်းသေးတာမို့ မြန်မာနိုင်ငံမှာတော့ Email Marketing ဟာ အများကြီး အထောက်အကူမပြုသေးပါဘူး။ မည်သို့ာ အများကြီး အထောက်အကူမပြုသေးပါဘူး။ မည်သို့ပင်ဆိုစေကာမူ နည်းပညာတိုးတက်လာသည်နှင့်အမျှ Email Marketing ရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးလာမှာပါလို့ ဆိုချင်ပါတယ်။

ဤပို့စ်ကို လုပ်ငန်းရှင်များရောင်းဝယ်ရာ www.baganmart.com မှ ကူညီပံ့ပိုးပါတယ်။

 

www.baganmart.com

လုပ်ငန်းရှင်များ ရောင်းဝယ်ရာ

Follow Us