သင့်လုပ်ငန်းကို နည်းမှန်လမ်းမှန်နဲ့ လူ&#

Customer တွေယုံကြည်အားထားတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ချင်တယ် သင့်လုပ်ငန်းကို လူသိများအောင် လုပ်ချင်တယ် ဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကုမ္ပဏီ အကြောင်းကို Positive publicity လုပ်ပေးရမှာပါ။ သင့်လုပ်ငန်းက ဘယ်လိုအမျိုးအစားလဲ၊ လက်ရှိ ဘာတွေလုပ်နေလဲ၊ နောင်ဘာတွေလုပ်မလဲ…စတဲ့ အကြောင်းတွေကို ဝယ်ယူသုံးစွဲသူတွေ သိအောင် လုပ်ပေးရမှာပါ။ ဒါမှသာ Customer တွေရင်ထဲမှာ သင့်လုပ်ငန်းအကြောင်းကို ရှင်းလင်းတိကျစွာသိမြင်နိုင်မှာဖြစ်သလို သင့်လုပ်ငန်းကို ယုံကြည်လေးစားပြီး ရေရှည်လက်တွဲပြီး ဝယ်ယူအားပေးကြမှာပါ….

(၁) အလှူအတန်းပြုလုပ်ခြင်း၊ ကူညီထောက်ပံ့ပေးခြင်း
သင့်လုပ်ငန်းကိုကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဂုဏ်သတင်းပျံနှံ့ဖို့အတွက် Charity Work တွေပြုလုပ်ဖို့လိုပါတယ်။ အများကြီးရှိပါတယ်။ မြန်မာလူမျိုးများအတွက်တော့ အလှူအတန်းပြုလုပ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်သလို အခြားဘာသာဝင်တွေအတွက်တော့ ကူညီထောက်ပံ့ပေးခြင်းလို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်။ သင်လုပ်နိုင်တဲ့ Charity Work တွေ သင့်ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ဥပမာ- IT ကုမ္ပဏီ တစ်ခုပဲ ဆိုကြပါစို့။ လှူဒါန်းမှု သက်သက်အတွက်ပဲဆိုရင်တော့ မိဘမဲ့ဂေဟာကိုသွားပြီး ကလေးတွေရဲ့ အဟာရအတွက် ငွေကြေးထောက်ပံ့လှူဒါန်းနိုင်ပါတယ်။ အဲဒါထက်ပိုပြီး တစ်ဆင့်တက်ရမယ်ဆိုရင်တော့ အဲဒီ မိဘမဲ့ကလေးတွေထဲက ITကို စိတ်ဝင်စားတဲ့ ကလေးတွေကို ရွေးထုတ်ပြီး IT နဲ့ ပတ်သတ်တဲ့ အခြေခံအကြောင်းအရာတွေကို အခမဲ့သင်တန်းတွေပေးမယ်။ ပြီးရင် အဲဒီ သင်တန်းသားတွေထဲကမှ On Job Training တွေ ပြန်ခေါ်မယ်။ အဲဒီလို ကူညီမှုမျိုးဟာ Society အတွက် အကျိုးရှိစေတဲ့ ကူညီမှုဖြစ်သလို သင့်လုပ်ငန်းအတွက်လည်း ကောင်းမွန်တဲ့ Human Recourses တွေကို ရွေးချယ်နိုင်လို့ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေစေတဲ့ Intelligent Charity Work ပါ။ အဲဒီအခါမှာတော့ သင့် Customer တွေရဲ့ စိတ်ထဲမှာ သူတို့ဝယ်ယူအားပေးတဲ့ ကုမ္ပဏီဟာ အများအကျိုးအတွက် ကူညီလှူဒါန်းမှုတွေလုပ်ပေးနေတာ၊ Society ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးနေတာပါလားဆိုပြီး သင့်ရဲ့ ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲရတဲ့အတွက် ကျေနပ်ပီတိဖြစ်ကြမှာပါ။ သူတို့ ယုံကြည်စိတ်ချတဲ့ ကုန်ပစ္စည်းကို သူတို့ရဲ့ မိတ်ဆွေတွေဆီကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ရောင်းချပေးဖို့အတွက်လည်း ဝန်မလေးပါဘူး။ ဒါဟာ ဟိုးယခင်ထဲက ယနေ့ ၂၁ ရာစုအထိ မပြောင်းလဲတဲ့ Word of Mouth ဈေးကွက်ချဲ့ထွင်နည်းထဲကိုလည်း အကျုံးဝင်သွားပါတယ်။

(၂) ရေရှည်အသုံးပြုနိုင်တဲ့ လက်ဆောင်ပစ္စည်းများနဲ့ဆွဲဆောင်ခြင်း
သင့်လုပ်ငန် တိုးတက်ဖို့အတွက် Idea အသစ်တွေကို အမြဲတမ်း စဉ်းစားနေရမှာက လုပ်ငန်းရှင်တွေရဲ့ တာဝန်ပါ။ ကိုယ့်ရဲ့ Customer တွေ စိတ်ဝင်စားလာအောင် ကောင်းမွန်တဲ့ ဆွဲဆောင်နည်းတွေကို အသုံးပြုရမှာပါ။ ကြော်ငြာတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့အထဲမှာမှ လက်ဆောင်တွေပေးပြီး ကြော်ငြာတဲ့နည်းလမ်းကို Creative idea နဲ့ ပေါင်းစပ်ပြီး ဆွဲဆောင်နည်း လေးကို မျှဝေပေးပါမယ် ။ Event တွေ၊ Trade Show တွေ ပြုလုပ်ပြီး ထူးခြားဆန်းသစ်တဲ့ လက်ဆောင်တွေပေးတဲ့အစီအစဉ်တွေ၊ Old customer တွေကို Lucky Draw မဲဖောက်ပေးတဲ့အစီအစဉ်တွေ၊ New Customer တွေအတွက် နမူနာ သုံးစွဲလို့ ရတဲ့အစီအစဉ်တွေ.. စတာတွေနဲ့ ဆွဲဆောင်ရမှာပါ။ ဥပမာ- သင့်တော်တဲ့ ဈေးနှုန်းရှိတဲ့ နာရီလို လက်ဆောင်မျိုးဟာ နေ့စဉ်သုံးရတဲ့ ပစ္စည်းဖြစ်သလို ရေရှည်အတွက်လည်း သုံးရတဲ့ ပစ္စည်းဖြစ်တာမို့လို့ နာရီကြည့်တိုင်း သင့်ကုန်ပစ္စည်းကို မှတ်မိနေမှာပါပဲ။ ဒါဟာလည်း Customer ရဲ့ မှတ်ဥာဏ်ထဲကို သင့်ကုန်ပစ္စည်းအတွက် Branding လုပ်လိုက်တာပါပဲ။


(၃) သင့်ကိုယ်သင် Person Branding ပြုလုပ်၍ ဆွဲဆောင်ခြင်း
သင့်ကိုယ်သင် Personal Branding လုပ်တာဟာလည်း သင့်လုပ်ငန်း Right Attention ရဖို့အတွက် ဆွဲဆောင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ အခ ၂၁ရာစု IT ခေတ်ကြီးမှာဆိုရင် ကုမ္ပဏီက CEO တွေဟာ သူတို့ဘာလုပ်နေတယ်၊ ဘယ်လို အလှူအတန်း ထောက်ပံ့မှုတွေလုပ်နေတယ်၊ လူငယ်တွေနဲ့ လုပ်ငန်းအသစ်တွေအတွက် အကြံဥာဏ်ပေးတဲ့အကြောင်းအရာတွေ၊ အောင်မြင်အောင်လို့ သူတို့ဘယ်လိုအခက်အခဲတွေကြားမှာ ရုန်းကန် ကြိုးစားခဲ့ရတာတွေ စတာတွေကို Social Media တွေက တဆင့် Personal Branding လုပ်နေကြတာကို မိတ်ဆွေတို့ သတိထားကြည့်စေလိုပါတယ်။ Personal Branding ကမှတဆင့် သူတို့လုပ်ငန်းကို Customer တွေယုံကြည်လာအောင် ဆွဲဆောင်ခေါ်ယူကြပါတယ်။ Customer တွေရဲ့ အမြင်မှာလည်း သူတို့ ဝယ်ယူသုံးစွဲတဲ့ ကုမ္ပဏီက အရာရှိ၊လူကြီး တွေဟာ တကယ်တော်ပြီး၊ တကယ်ဦးဆောင်နိုင်တယ်ဆိုတာကို သိမြင်သွားပြီး သင့်ထုတ်ကုန်ပစ္စည်းအပေါ်မှာ ယုံကြည်မှုတွေ ပိုရှိလာမှာပါ။

 

(၄) ထူးခြားဆန်းသစ်တဲ့ အကြံဥာဏ်များဖြင့် ဆွဲဆောင်ခြင်း
နောက်ထပ် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပြိုင်ဘက်ကင်းပြီး တီထွင်ကြံဆတဲ့ နည်းလမ်းတွေနဲ့ အခြားသူတွေနဲ့ မတူတဲ့ ရှုထောင့်ကနေ စဉ်းစားပြီး သင့်ရဲ့ Brand ကို လူတွေက Positive Way နဲ့ မြင်အောင်လို့ စွမ်းဆောင်ရမှာပါ။ သင့် Brand အပေါ်မှာ အမြင်ကြည်လင်ဖို့ ကြိုးစားရမှာပါ။ အဲဒီအတွက် idea လိုအပ်ပါတယ်။ တိုးတက်နေတဲ့ IT ခေတ်ကြီးထဲက Customer တွေဟာ မျက်စိပိတ်၊ နားပိတ် မဟုတ်တော့ပါဘူး။ သမာရိုးကျအတိုင်း သွားလို့မရတော့ပါဘူး။ Think different idea တမူထူခြားတဲ့ အတွေးတွေနဲ့ သင့်လုပ်ငန်းရဲ့ Profile တွေကို တည်ဆောက်ရမှာပါ။ ဥပမာ- အခုလို IT ခေတ်ကြီးမှာ သင့်ကုန်ပစ္စည်းကို ဈေးကွက်ကို Offline Marketing နဲ့ပဲ့  Traditional Way အတိုင်းပဲသွားရင်တော့ သင့်လုပ်ငန်းက Grow ဖြစ်လာမှာ မဟုတ်ပါဘူး။ Online Marketing အနေနဲ့ website, blog, social media တွေကတဆင့် သင့်Brand ကို လူတွေစိတ်ဝင်စားလာအောင်၊ မှတ်မိနေအောင် ထူးခြားတဲ့ idea တွေနဲ့ ဈေးကွက်ချဲ့ထွင်ရမှာပါ။
အထက်ဖော်ပြပါ အချက်တွေဟာ သင့်လုပ်ငန်းကို လူအများ အာရုံစိုက်ပြီး
ယုံကြည်လေးစား သတိထားမိစေတဲ့ အချက်တွေပါပဲ။

Ref : businessblogshub
ငုဝါသစ် (BaganMart.com, လုပ်ငန်းရှင်များ ရောင်းဝယ်ရာ)

BaganMart Mobile App ကို အောက်ပါ Link မှာ Download ရယူ နိုင်ပါပြီ/
https://play.google.com/store/apps/details?id=com.baganmart

Follow Us