လျှပ်စစ်မလိုတဲ့ Clay ရေခဲသေတ္တာ

အပြည်ပြည်ဆိုင်ရာ အစာအဟာရ နဲ့စိုက်ပျိုးရေး (Food and Agriculture Organization of the United Nations) ရဲ့စစ်တမ်းအရ ကမ္ဘာပေါ်ရှိလူသားပေါင်း မြောက်များစွာ ဟာ အစာရေစာ မလောက်ငှမှု့ ကြောင့် ဆာလောင်နေကြရပီး တစ်ခြားလူတွေက အစားကြွင်းအစားကျန်တွေ စွန်ပစ်နေကြတာ တစ်နှစ်ကို ၁.၄ ထောင်သန်း တန်ချိန် လောက်ရှိပါတယ်။ အရေးကြီးတဲ့ အဓိကစွန့်ပစ်ရတဲ့ အကြောင်းအရင်း ကတော့ အစာအသောက် သိုးပုတ် ပြီးစားသောက်လို့မရ နိုင်လို့ပါ။

ရေခဲသေတ္တာထဲမှာ ထည့်သွင်းသိမ်းဆည်း ထားရအောင်ကလည်း မဖြစ်နိုင်ပါဘူး ဘာကြောင့်လည်းဆိုတော့ ရေခဲ သေတ္တာ ကဈေးကြီး ပြီးအဓိက အကြောင်းအရင်းက ဖွံဖြိုးဆဲ နိုင်ငံတော်တော် များများမှာမီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းတွေအတွက် လုံလောက်တဲ့ လျှပ်စစ်စွမ်းအင် မရ နိုင်လို့ ပါပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရင်းတွေကြောင့် Mansukh Prajapati ဆိုတဲ့ အန္ဒိယနိုင်ငံသား မြေထည် လုပ်ငန်းရှင်တစ်ယောက်ဟာ မီးဖုတ်ထားပြီးတဲ့ မြေထည် ကို Luxembourg သီအိုရီ အရ ရေကို အေးမြ ခြောက်သွေ့ပြီး အငွေ့ပျံ စေတဲ့ နည်းနဲ့ပေါင်းစပ်ပြီး MittiCool လို့ခေါ်တဲ့ လျှပ်စစ်သုံးစရာမလိုပဲ ဟင်းသီးဟင်းရွက်နဲ့နို့စတာတွေ ကို တစ်ပတ်လောက် စိမ်ထားနိုင်တဲ့ မြေထည် ရေခဲသေတ္တာကိုတီထွင်ခဲ့ပါတယ်။ အစားအသောက် အမျိုးအစား အလိုက် ခွဲခြား ထားနိုင်စေဖို့ အကန့် ၂ကန် ပါရှိပြီး အဖွင့်အပိတ်အဖုံးနဲ့ အတူ အပေါ်မှာ အအေးဓါတ်အတွက် ရေထည့်ဖို့ နေရာပါရှိပြီး သေတ္တာနံရံ တွေကသူ့အကန့်နဲ့သူ ရေစိမ့်နိုင်စွမ်းရှိပြီး အပေါ်ကရေ ကတစ်ဖြေးဖြေးအောက်ကို စိမ့်ဝင်စေမှာဖြစ်ပြီး အောက်ကနေအငွေ့ပျံပြီး အပေါ်ကိုပြန်တက်စေမှာဖြစ်ပါတယ် ။

ဒီလုပ်ဆောင်ချက် တွေကပဲ အစားအသောက်တွေကို တာရှည်ခံအောင် ထိန်းသိမ်း ပေးသွားမှာ ဖြစ်ပြီး စမ်းသပ် တွက်ချက်မှု့တွေအရ သေတ္တာအတွင်းက လေထု အအေးဓါတ်ဟာ အပြင်ဖက်က လေထု ထက် ၈ အောင်စ ဒီဂရီ ထက်ပိုအေးစေပြီး အစားအသောက် ပုတ်တိုးမှု့တွေကိုလျော့ ချကာကွယ်ပေးမှာပဲဖြစ်ပါတယ်။ ဘာလျှပ်စစ် စွမ်းအင်မှ အသုံးချစရာ မလိုပဲ သက်သာလွယ်ကူ တဲ့ဒီ မြေထည် အအေးသေတ္တာမျိုး ကို နေရာတိုင်းမှာ အလွယ်တကူ ရရှိနိုင်တဲ့ သာမာန်ရွံ့စေးမြေကြီးနဲ့ တည်ဆောက်နိုင်ပြီး ပတ်ဝန်းကျင် အတွက်အကျိုးရှိစေမဲ့ ဒီအိုင်ဒီယာမျိုးကို ကျွန်တော်တို့ဆီမှာ အသုံးချ မယ်ဆိုယင် အင်မတန် သင့်လျော် ကောင်းမွန်လိမ့်မယ် ရယ်လို့ ထင်မြင် ယူဆမိပါတယ် .Change your brain ,Change your life.

credit: http://iveryhappy.net

www.baganmart.com

Follow Us