ဘယ်လို ဈေးနှုန်း နည်းဗျူဟာတွေကိုသုံးပြ&#

ဘယ်လို ဈေးနှုန်း နည်းဗျူဟာတွေကိုသုံးပြီး Customer တွေကို
ဆွဲဆောင်မလဲ?

ကုန်ပစ္စည်းတွေ ရောင်းအားမြှင့်တင်နိုင်ဖို့အတွက် ဈေးနှုန်း သတ်မှတ်ခြင်းဟာလည်း အလွန်အရေးပါမှု တစ်ခုပါပဲ။ အဲဒီလို သတ်မှတ်နိုင်ဖို့အတွက်
အဆင်ပြေပြီး အသုံးတည့်စေမယ့် Pricing strategy ဈေးနှုန်းသတ်မှတ်ခြင်း နည်းဗျူဟာတွေကို မျှဝေပေးလိုက်ပါတယ်။

(1) Charm Pricing

Charm Pricing ဆိုတာကတော့ ဈေးနှုန်းရဲ့ နောက်ဆုံး ဂဏန်းဟာ 9 ,99 နဲ့ အဆုံးသတ်ပြီး ဆွဲဆောင်တဲ့ နည်းဗျူဟာပါ။ သင့်ကုန်ပစ္စည်းရဲ့ ရောင်းဈေးကို 10000 ကျပ် သတ်မှတ်ထားတယ်ဆိုရင် တစ်ရာကျပ်လျော့လိုက်တဲ့ဈေးနှုန်း 9999 ကျပ် ဟာ ဝယ်သူတွေရဲ့ ဦးနှောက်ထဲမှာ 9000 ကျော်ပဲရှိတယ်ဆိုတဲ့အတွေးတစ်ခုကို ဖြစ်ပေါ်သွားစေလိုပါပဲ။

(2) BOGOF Pricing strategy

BOGOF နည်းဗျူဟာကတော့ Buy one, Get one free သင့်ကုန်ပစ္စည်းတစ်ခုဝယ်ရင် Service (သို့မဟုတ်) နောက်ထပ် ကုန်ပစ္စည်းတစ်ခု ထပ်ပေါင်းထည့်ပြီး ဆွဲဆောင်တဲ့ နည်းလမ်းပါ။ တစ်ချို့ Customer တွေကျတော့လည်း Free ပေးတာကို သံသယဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ Buy one, Get one free ကို ပုံသေထားလို့မရပါဘူး။ Promotion လို ပွဲတွေမျိုးမှာတော့ BOGOF ကို အသုံးပြုသင့်ပြီး ပုံမှန်ရောင်းဝယ်တဲ့အခါမှာတော့ တစ်ခုဝယ်ရင် နောက်ဝယ်မယ့်ပစ္စည်းအတွက် ၂၅% (သို့မဟုတ်) Percentage တစ်ခုလျော့ပေးတဲ့ နည်းကို သုံးမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။

(3) Comparative pricing: placing expensive next to standard

ကုန်ပစ္စည်းအမျိုးအစားချင်းတူပေမယ့် ဈေးနှုန်းကွာဟ နေတာကို သင်တွေ့ဖူးမှာပါ။ Customer တွေရဲ့ အတွေးထဲမှာ အားလုံး အတူတူပဲဖြစ်နေပေမယ့် ဈေးများတာဟာ Quality ပိုကောင်းတယ်လို့ သတ်မှတ်ထား တတ်ကြပါတယ်။ ဒါပေမယ့် Customer အားလုံးတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ သင့်ကုန်ပစ္စည်းရဲ့ အရည်အသွေးနဲ့ ထိုက်တန်တဲ့ ဈေးနှုန်းအတိုင်း သတ်မှတ်ထားသင့်ပါတယ်။ သင့်ပြိုင်ဘက် ကုန်ပစ္စည်းရဲ့ ဈေးနှုန်းအတိုင်းလိုက်ပြီး ဈေးလျော့စရာမလိုပါဘူး။ သင် ဘယ်လို ဝန်ဆောင်မှုတွေ ထပ်ပေါင်းပေးမလဲဆိုတဲ့ အပေါ်မှာပဲ
မူတည်ပါတယ်။

BaganMart ရဲ့ လုပ်ငန်းရှင် မိတ်ဆွေအားလုံးလည်း Market Size, Customer Culture နဲ့ Demand အပေါ်မှာ မူတည်ပြီး မှန်ကန်တဲ့ Pricing strategy တွေ အသုံးပြုကာ ရောင်းအားမြှင့်တင်နိုင်ကြပါစေ။

မြန်မာ့စီးပွားရေး လုပ်ငန်းများ Internet မှတဆင့် အချင်းချင်း ချိတ်ဆက်ရောင်းဝယ်နိုင်ဖို့ အတွက်

Ref : entrepreneur.com
ငုဝါသစ် (BaganMart.com, လုပ်ငန်းရှင်များ ရောင်းဝယ်ရာ)
BaganMart Mobile App ကို အောက်ပါ Link မှာ Download ရယူ နိုင်ပါပြီ/
https://play.google.com/store/apps/details?id=com.baganmart

Follow Us