ပဲကုန်သည်များ ကြိုပွိုင့်စနစ် မပြုလုပ်&#

ပဲဈေး အတက်အကျ ကြမ်းနေခြင်းကြောင့် ပဲကုန်သည်များ ကြိုပွိုင့်စနစ် မပြုလုပ်ကြရန် ပဲလုပ်ငန်း အသင်းပြောကြား

ပဲဈေး အတက်အကျ ကြမ်းနေခြင်းကြောင့် ပြည်တွင်း ပဲကုန်သည်များ ကြိုပွိုင့် စနစ်များဖြင့် ရောင်းဝယ်မှု မပြုလုပ်ကြရန် မြန်မာနိုင်ငံ
ပဲမျိုးစုံနှင့် နှမ်း ကုန်သည်များ အသင်းက သတိပေး ပြောကြား လိုက်သည်။ ပြီးခဲ့သည့် မတ်လ အတွင်း ပြည်တွင်း ပဲ ကုန်သည်များ
သည် ကြိုပွိုင့် စနစ်များဖြင့် ၀ယ်ယူမှုများ ရှိနေပြီး အိန္ဒိယနိုင်ငံဘက်မှ ပဲကုန်သည် များ၏ ဈေးကစားမှု များနှင့် အစိုးရ၏ ထိန်းချုပ်
နေမှုများကြောင့် ပြည်တွင်း ပဲဈေးမှာ အတက်အကျ ကြမ်းနေပြီး ကြိုပွိုင့် ၀ယ်ယူမှု ပြုလုပ်ထားသည့် ကုန်သည်များ အရှုံးများနှင့်
ရင်ဆိုင် ကြုံတွေ့မှုများ ရှိခဲ့သည့် အတွက် ယခုကဲ့သို့ ထပ်မံ၍ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ  ပဲမျိုးစုံနှင့်
နှမ်း လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက  မြန်မာတောင်သူကြီးများ ဂျာနယ်ကို ပြောသည်။

“ ဒီလထဲမှာဘဲ ကိုယ်တို့ပဲ အသင်းဝင်ထဲက ကုန်သည်တွေပေါ့။ ကြိုပွိုင့်တွေလုပ်ပြီး ရှုံးကြတယ်။ ယခင် ကလည်း ဒီလိုမျိုးတွေဖြစ်ဖူး
ပါတယ်။ ကိုယ်တို့လည်း သတိပေးထားရဲ့နဲ့ ခုလိုဖြစ်ကြတာ”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် နှစ်များတွင် အဆိုပါကြိုပွိုင့်စနစ်များ
ကြောင့် ပဲကုန်သည်အများအပြား အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ခြင်း များရှိခဲ့ဖူး သော်လည်း ယခုနှစ်သည် ယခင် နှစ်ထက်မတူဘဲ ပဲ
ဈေးကွက်၏ အတက်အကျမှာ ခန့်မှန်းရ ခက်ခဲနေကြောင်း ပဲကုန် တစ်ဦးက ပြောသည်။“ ဒါကတော့ လုပ်တဲ့ လူတွေက ရှိနေတယ်။

ပဲကို အတက်အကျ ဘယ်လိုရှိတယ် ခန့်မှန်းခိုင်းပြီးတော့ အဲဒီလိုတွေ လုပ်ကြတာ။ ဒီတော့ ထင်တဲ့အတိုင်း ဖြစ်မလာဘဲ ရှိသမျှကုန်
တာ။ ရှေ့မှာလည်း ဒီလိုဖြစ်သွားတဲ့ သူတွေရှိနေတာကို သိသိနဲ့ လုပ်နေကြတာ”ဟု  ပဲကုန်သည် ဦးထွန်းက ပြောသည်။ ပဲဈေးကွက်
၏ အတက်အကျမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသော်လည်း ယခု ၂၀၁၆ ခုနှစ်၊ မတ်လ  တတိယအပတ် ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်
တွင်မူ မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်းများမှာ မြန်မာကျပ်ငွေ နှစ်သိန်း ကျော်ထိ ကျသွားဆင်းမှုများ ဖြစ်ပေါ်ကာ ပြီးခဲ့သည့် နှစ်များတွင်မူ
ယခုကဲ့သို့ ကျပ်ငွေ နှစ်သိန်းကျော်ထိ ကျဆင်း ခဲ့ခြင်း မဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယ အစိုးရအနေဖြင့် ၎င်းင်းနိုင်ငံ၏ ပြည်သူမျာအနေဖြင့် ပဲဈေးနှုန်းကြီးမြင့်မှုကို ၀ယ်ယူ စားသုံးခြင်း မဖြစ်ပေါ်စေရန်
အတွက် ထိန်းချုပ်ခြင်းများ အပြင် ကုန်သည်များကလည်း ပဲဈေးကွက် အနေအထားကို စောင့်ကြည့်ကာ ၀ယ်ယူမှုများကို ရပ်တန့်
ထားပြီး ဈေးကွက်ကို ကစားနေကြကြောင်း ပဲကုန်သည် များကပြောသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌  ထိုကဲ့သို့
ကြိုပွိုင့် စနစ်များဖြင့် ၀ယ်ယူ ရောင်းချမှု များကြောင့် ပဲလောကတွင် ကြီးမားသည့် ပြဿနာ တစ်ခု အဖြစ် စံချိန်တင်ခဲ့ပြီး နိုင်ငံတော်
အစိုးရအနေဖြင့် ပါဝင် ဖြေရှင်းပေးရသည့် အဆင့်သို့ ရောက်ရှိပြီးနောက် ပဲကုန်သည် အသင်းက ဆက်တိုက် သတိပေး ခဲ့သည်။

“ သူတို့ဘက်က ကုန်သည်တွေက အ၀ယ်ရပ် လိုက်တယ်။ ပြီးရင်ပြန် ၀ယ်တယ်။ ၀ယ္ယူမႈက မၿငိမ္ဘူး။ အ၀ယ်ရပ် လိုက်တော့ ပဲ
ဈေးတွေက သိန်းချီ ပြီးတော့ ပြန်ကျသွားရော။ အဓိက လေရောင်းလေ ၀ယ်လုပ်ရင် ရှုံးတယ်။ လက်ထဲမှာ မရှိသေးတဲ့ ပဲကို ရောင်း
တယ်။ အသင်းကလည်း သတိပေးနေရက်နဲ့ လုပ်တော့ အရှုံးတွေနဲ့ ရင်ဆိုင်ပြီး ဒုက္ခရောက် ကြတယ်”ဟု ဦးမင်းကိုဦးက ပြောသည်။
၂၀၀၈ ခုနှစ်အတွင်း မြန်မာ့ပဲလောကတွင် ကြိုပွိုင့် စနစ်များဖြင့် ၀ယ်ယူမှုများကြောင့် ကျပ်သိန်းပေါင်း သောင်းချီ ဆုံးရှုံးမှုများ ဖြစ်ပေါ်
ကာ အစိုးရအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု များကို သိမ်းယူကာ ဝေငှပေးခဲ့ရပြီး ထို့နောက်တွင်မူ  ကြိုပွိုင့် ၀ယ်ယူမှုများ လျော့ကျလာ
ကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ထိုကဲ့သို့ ကြိုပွိုင့်များ ပြန်လည် လုပ်ကိုင်လာခဲ့ပြီး ထပ်မံ၍ အရှုံးပြနေသည့် အတွက် ပြန်လည်ရပ်
တန့် သွားခဲ့ကာ ပဲလောက အသိုင်းအ၀ိုင်း များက သတိပေးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ သော်လည်း ယခုနှစ်မတ်လတွင်မူ ထိုကဲ့သို့
ကြိုပွိုင့် စနစ်များ  ပြန်လည်လုပ်ကိုင်လာခဲ့ကြပြီး အရှုံးများဖြင့်သာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပဲကုန်သည်များထံ မှ သိရသည်။

 

credit:  ဝေဖြိုးအောင် (မြန်မာတောင်သူကြီးများ ဂျာနယ်)

www.baganmart.com 

www.facebook.com/baganmart

Follow Us

Warning: Unknown: write failed: No space left on device (28) in Unknown on line 0

Warning: Unknown: Failed to write session data (files). Please verify that the current setting of session.save_path is correct (/var/lib/php5) in Unknown on line 0